Saturday, July 10, 2010

ANALYSIS OF MODIFIERS

1 comments
စာရေးတဲ့နေရာမှာ modifiers တွေဟာသိပ်ပြီးအရေးကြီးပါတယ်။ ဒါတွေနားလည်မှ စာရေးတတ်မယ် စာဖတ်တတ်မယ်။
ဒါ့ကြောင့် modifiersနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုစုစည်းပြီး ကျွန်ုပ်ရဲ့ blog မှာတင်ထားပါတယ်။ ကျွန်ုပ်မှတ်ထားသမျှ
လေးတွေကိုမှတ်တမ်းတင်ထားတာပါ။ လိုအပ်တဲ့သူတွေအသုံးပြုချင်တယ်ဆိုရင် သုံးလို့ရအောင်လို့ပါ။ တစ်နည်းအားဖြင့်ဆိုရရင် ကျွန်ုပ်ရဲ့မှတ်စုလေးကို မှတ်တမ်းတင်ထားချင်လို့ပါပဲ။
PHRASE
(ဆောင်ပုဒ်)=စကားတစ်လုံးထက်၊ ပိုလျက်ပါလာ၊ Verbမပါ၊ ခေါ်ပါphraseဟုမှတ်။
ဒါဟာphraseရဲ့ အနှစ်ချုပ်အဓိပ္ပယ်ပါပဲ။ ဒီထက်ပိုပြီးမရှင်းတော့ပါဘူး။
အကျဉ်းချုပ်အားဖြင့်Phraseသည် သုံးမျိုးရှိပါတယ်။
1.prepositional Phrase(၀ိဘတ်များနှင့်အထူးပြုခြင်း)
2.Participle Phrase (V+ing.V+ed,enနှင့်အထူးပြုခြင်း)
3.Gerundial Phrase (V+ing နှင့်အထူးပြုခြင်း)Prepositional Phrase
(a)Adjective phrase (nounကိုအထူးပြုသောphrase)
(b)Adverb phrase (verbကိုအထူးပြုသောphrase)
(c)Infinitive phrase (to+verb infinitive နဲ့စတဲ့phrase)
(d)Noun phrase (noun အလုပ်ကိုလုပ်တဲ့ phrase)ဆိုပြီး ၀ိဘတ်
တွေပါတဲ့Prepositional Phrase ၄မျိုးရှိပါတယ်။
Eg.(a)Adjective phrase
1.the pagoda in yangon=ရန်ကုန်မှာရှိသောဘုရား
2.the book on the table=စားပွဲပေါ်မှာရှိသောစာအုပ်
3.the pagoda near the park=ပန်းခြံအနားမှာရှိသောဘုရား။
ဒီဝါကျတွေထဲမှာ in on near ၀ိဘတ်တွေနဲ့စတဲ့ပုဒ်စုတွေများသည် ရှေ့ကပုဒ်များကို အထူးပြုသောကြောင့် Prepositional Adjective Phrase လို့ခေါ်ပါတယ်။ ၄င်းAdjective phraseသည် များသောအားဖြင့် nounရဲ့နောက်မှာနေပြီး nounကိုအထူးပြုပါတယ်
(အကျဥ်းဆောင်ပုဒ်)
၂။Adjective phraseဟာ၊ nounနောက်မှာ၊ ထားကာအထူးပြု။

Adverb phrase
Verb ကိုအထူးပြုတဲ့ phrase မျိုးကို Adverb phrase လို့ခေါ်ပါတယ်။
များသောအားဖြင့် ၀ါကျအစနဲ့အဆုံးမှာထားလေ့ရှိပါတယ်။ verbနဲ့ object
ကြားမှာလဲထားပြီးရေးတာရှိတတ်ပါတယ်။
ဥပမာ-
1.They live in Yangon.(သူတို့ ရန်ကုန်မှာနေကြတယ်)
In Yangonဆိုတဲ့ပုဒ်စုသည် live ဆိုတဲ့ verbကိုအထူးပြုသောကြောင့် Adveb phraseဖြစ်ပါတယ်။
2.He put the book on the table.(သူ စာအုပ်ကိုစားပွဲပေါ်မှာထားခဲ့တယ်)
On the tableသည် put ဆိုတဲ့ကြိယာကိုသာ အထူးပြုပါတယ်။ the book
ကိုအထူးမပြုပါဘူး။ ဒါ့ကြောင့်Adverb phraseဖြစ်ပါတယ်
များသောအားဖြင့်verbရဲ့နောက်မှာ object ပါလာရင်တော့ Adverbပုဒ်စုကို
စာကြောင်းရဲ့အစ ဒါမှမဟုတ် အဆုံးမှာထားရေးရပါတယ်။
အကျဉ်းဆောင်ပုဒ်
၂။Verbရဲ့နောက်မှာ၊ objectပါက၊ ထားပါadvreb၊ ရှေ့နောက်ဆက်။

Infinitive phrase( to +v 1)
V1လို့အသုံးပြုကြတဲ့infinitive phraseကြိယာတွေကိုရှေ့မှာtoထည့်ပြီးအသုံး
ပြုခြင်းဖြစ်ပါတယ်။ ဖို့ ရန်လို့ဘာသာပြန်ရပါတယ်။
ဥပမာ
1.the book to read (ဖတ်ဖို့စာအုပ်)
2.the letter to post(ပို့ရန်စာ)
Infinitive phraseဟာ nounကိုအထူးပြုလို့ nounရဲ့နောက်မှာထားရတယ်။
အကျဉ်းဆောင်ပုဒ်
Infinitive phrase၊ phraseများစွာ၊ nounနောက်မှာ၊ ထားကာအထူးပြု၊
Noun phrase
Infinitive phrase များသည် subjectနေရာမှာထား၍ သုံးလျှင်noun phrase ဖြစ်သွားပါတယ်။
ဥပမာ-
1.To cry is easy,but not to sob.(အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်)
2.To be born is to die.(မွေးတာသေဖို့ပါပဲ)
အကျဉ်းဆောင်=subjectအဖြစ်မှာ၊ သုံးသောခါ၊ သူဟာnounဖြစ်လာ။
Participle phrase
1.Present participle
2.Past participleလို့၂မျိုးရှိပါတယ်။
Present participle
Verbတစ်ခုကို ingပေါင်းလိုက်ရင် နေသောလို့ဘာသာပြန်ရပါတယ်။ အဲဒါကို
Present participleလို့ခေါ်ပါတယ်။
အကျဉ်းဆောင်ပုဒ်
Verb+ing၊ ပေါင်းလိုက်ပြီ၊ ပရဲဇင့်ပါတီစီ။(present participle)
ဘာသာပြန်လျှင်၊ သောဟုပင်၊ ဆုံးတွင်စေရမည်။
ဥပမာ-
Dancing girl( ကနေသောကောင်မလေး)
Shaking actress(လှုပ်ခါနေသောမင်းသမီး)
ဒီပုံစံတွေကparticipleတစ်လုံးတည်းဖြစ်လို့ singleပဲရှိပါသေးတယ်။ phraseမဖြစ်သေးပါဘူး။ singleတွေကnounတွေရဲ့ရှေ့မှာနေပြီးအထူးပြုပါတယ်။
Phraseဖြစ်သွားရင်တော့များသောအားဖြင့် nounရဲ့နောက်မှာနေပြီး အထူးပြုပါတယ်။
ဥပမာ-
1.Who is the girl dancing on the stage?
စင့်မြင့်ပေါ်မှာ ကနေတဲ့ကောင်မလေးက ဘယ်သူလဲ။
Dancing on the satgeသည် ရှေ့ကgirlကိုအထူးပြုသောကြောင့် present participle phraseဖြစ်သွားပါတယ်။nounရဲ့နောက်မှာနေပြီးအထူးပြုတယ်။
အကျဉ်းဆောင်ပုဒ်
Single participle၊ ရှေ့နောက်မယ်၊ ထားကွယ်အထူးပြု။
Phraseဖြစ်လျှင်၊ nounနောက်တွင်၊ ထားလျှင်အသုံးပြု။

Sunday, July 4, 2010

အမျိုးသားရေးစိတ်ဓာတ်

0 comments
ကိုယ့်အမျိုးကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးကိုတိုးတက်စေလိုတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးသားတွေအခက်အခဲမျိုးစုံနဲ့ကြုံနေရတဲ့အချိန်မှာ စိတ်နှလုံးမသာဖြစ်ပြီး ကူညီလိုတဲ့စိတ်ဓာတ် ဒါတွေကိုပေါင်းစပ်ပြီး အမျိုးသားရေးစိတ်ဓာတ်လို့ ခံစားမိတယ်။
အမျိုးစားရေးစိတ်ဓာတ်ဆိုတာလူတိုင်းမှာရှိသင့်တယ်မဟုတ်လား။ လူတွေနဲ့ပဲဆိုင်တယ် ဘုန်းကြီးတွေနဲ့မဆိုင်ဘူးလို့
မင်းတို့ထင်သလား။ ဒို့ဘုရားရှင်တောင် ညာတတ္ထစရိယာ=သူ့အမျိုးသားတွေအတွက် အနစ်နာခံပြီးဆောင် ရွက်ပေးခဲ့ ဖူ့းတယ်လေ။ သူ့အမျိုးသားတွေရေဘေးဒုက္ခကြုံလို့ ဘုရားရှင်ကူညီခဲ့ဖူးတယ်။ သူ့အမျိုးသားတွေ စစ်ဘေးဒုက္ခကြုံလို့ ကြားဝင်ဖြေရှင်းခဲ့ဖူးတယ်။ ကိလေသာအာသဝေါတွေကုန်ခမ်းပြီဆိုပေမယ့် မဟာကရုဏာစိတ်တော့ရှိတယ်လေ။ သနားနေရုံနဲ့မပြီးဘူးလက်တွေ့အကောင်အထည်လဲဖော်ဆောင်ပြခဲ့တယ်။
ဒို့တစ်တွေဟာကိလေသာအာသဝေါတွေလဲမကုန်သေးပါဘူး။ ကုန်အောင်လဲအချိန်ပြည့်မကျင့်သေးပါဘူး။ ဒါပေမယ့်ကွာ ကိုယ့်အမျိုးသားတွေဆင်းရဲဒုက္ခကြုံနေတာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေတယ်ဆိုတာကိုသိရက်နဲ့ ဘာဖြစ်လို့ဥပေက္ခာ ပြုရက်ကြ တာလဲ။ ငါစဉ်းစားလို့မရဘူး။
မနေ့က ငါတော်တော်ခံစားလိုက်ရတယ်။ ငါကအခုသိရိလင်္ကာနိုင်ငံမှာရောက်နေတယ်။ငါတို့လိုပဲဒီနိုင်ငံမှာရောက်နေတဲ့ မြန်မာကိုရင်လေးတွေရှိကြတယ်။ သူတို့ကိုတော့သီရိလင်္ကာဘုန်းကြီးတစ်စ်ပါးကခေါ်လာတာလို့တော့သတင်းရတယ် ဘယ်လိုနေကြတယ်ဆိုတာ အတိအကျမသိရဘူး။ ငါတို့လဲသူများနိုင်ငံမှာ လာနေတာဆိုတော့ အဆင်ပြေလှတယ်တော့မဟုတ်ဘူး အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့ကြရတာပဲ။ ငါတို့လို အရွယ်ရောက်ပြီးသားသူတွေတောင်အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့တယ်ဆိုရင် ကိုယ်ရင်လေးတွေဆို ဘယ်လိုဖြစ်လိုက်ကြမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။
မနေ့ကကိုရင်လေးတွေနေတဲ့ကျောင်းကို သတင်းရလို့ငါသွားတယ်။ ကုလားဘုန်းကြီးကျောင်းတစ်ကျောင်းမှာရောက်နေ
ကြတယ်။ ကုလားဘုန်းကြီးကိုအရင်ဝင်တွေပြီး မြန်မာကိုရင်လေးတွေရှိတယ်ကြားလို့လာတာပါ တွေ့ချင်လို့ပါလို့ဆိုတော့အင်တင်တင်နဲ့ ဒါပေမယ့်တွေ့ခွင့်တော့ပေးပါတယ်။ ကိုရင်လေးနှစ်ပါးက ကိုယ့်ကိုမြင်တော့ မျက်ရည်ဝဲပြီးငိုသံပါပါနဲ့ ဦးဇင်း....ခေါ်လိုက်တဲ့အသံက ငါ့နှလုံးသားကိုထိခိုက်သွားတယ် ။ ငါလဲလူသားတစ်ယောက်ပဲလေဲဥပေက္ခာပြုနိုင်လောက်တဲ့အထိ ငါမရင့်ကျက်သေးဘူး။ မင်းတို့အဆင်ပြေကြလားလို့မေးတော့ အဆင်မပြေဘူး တပည့်တော်တို့ဒီမှာနေရတာမပျော်ဘူး ။သူတို့ကတပည့်တော်တို့ကို အနိုင်ကျင့်တယ်။ အမျိုးမျိုးခိုင်းတယ်။ ဘာစာမှသင်မပေးဘူး။ တပည့်တော်တို့ ဆွမ်းစားသွားလို့ရသမျှအကုန်သိမ်းတယ်။ ဆပ်ပြာကအစသိမ်းတယ်။ပတ်စ်ပို့လဲသိမ်းထားတယ်။ ဒီကျောင်းမှာမနေချင်ဘူး။တပည့်တော်တို့ကိုကူညီပါတဲ့ ။ ကဲမင်းတို့
ဘယ်လိုခံစားကြမလဲ။ သူတို့အသက်ကိုမေးကြည့်တော့တစ်ပါးက၁၃နှစ်၊ တစ်ပါးက၁၁နှစ။် ဘယ်လောက်အားငယ်လိုက်ကြမလဲ ။ အသက်သုံးဆယ်ကျော်ပြီဖြစ်တဲ့ငါတို့တောင် တစ်ခါတစ်ရံ အားငယ်မိတယ် လွမ်းစွတ်သတိရမိတယ်လေ။ သူတို့ပြောတာလေးတွေကိုနားထောင်ရင်း ငါလေစိတ်မကောင်းဖြစ်လိုက်တာ။ တစ်ခြားဘယ်သူတွေရှိသေးလဲလို့မေးကြည့်တော့ အများကြီးရှိသေးတယ် ။ဘယ်ရောက်လို့ရောက်နေကြမှန်းမသိဘူး။ဖုန်းနံ
ပတ်ပေးတာနဲ့ဖုန်းဆက်ကြည့်တော့ကိုရင်လေးတွေနဲ့စကားပြောခွင့်ရတယ်။ အဲဒီမှာငါးပါးရှိတယ် အဆင်မပြေကြဘူး အနိုင်
ကျင့်ခံကြရတယ်ကျောင်းပြောင်းချင်ကြတယ်တဲ့။ ကိုယ့်အမျိုးသားလေးတွေ အနိုင်ကျင့်ခံကြရတယ်ဆိုတာကိုကြားလိုက်ရ
တော့စိတ်မကောင်းလိုက်တာလေ။
ကိုရင်ရေ ဘာမှအားမငယ်ကြနဲ့ ငါတို့တစ်တွေမင်းတို့ကိုကူညီမယ်။ မင်းတို့ဟာငါတို့ရဲ့သွေးသားတွေအမျိုးသားတွေ
ဖြစ်တယ်။ ငါတို့ရဲ့မျိုးဆက်သစ်တွေဖြစ်တယ်။ ငါတို့အစွမ်းကုန်ကူညီမယ်လို့အားပေးစကားပြောပြီး လိုအပ်တာလေးတွေကိုပေးခဲ့တယ်။ အမျိုးကိုချစ်တယ်ဆိုတာချစ်နေရုံနဲ့မပြီးသေးဘူးလေ ကိုယ့်အမျိုးသားတွေဒုက္ခမရောက်အောင်စောင့်ရှောက်ရမယ်။ ဒုက္ခရောက်နေရင်ကူညီဖြေရှင်းပေးရမယ်။ ဒါကိုအမျိုးသားရေးစိတ်ဓာတ်လို့ပြောရင် ကြီးကျယ်တယ်ဆိုမလားဗျာ...
ကိုယ်ချင်းစာစိတ်နဲ့ အားလုံးပါဝင်ကူညီဆောင်ရွက်ပေးကြပါ....

Thursday, May 20, 2010

အင်္ဂလိပ် - မြန်မာ အဘိဓာန်.

0 comments
123. ..(လိုချင်ရင်ပေါ့လေ...) Aug 28, '09 1:38 AM
for everyone

ကျွန်တော် အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။
သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။
ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။
အသံပါ ထွက်ပေးတယ်လေ..။
ဥပမာ - Dog - ဒေါ့ ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။
ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။
အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။
ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)
ထားပါတော့...
ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။
ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။
မကောင်းဘူးလား......(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။
ကောင်းရင် အောက်က Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။
ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။
ယူစေ...ယူစေ....။
Attachment ဆွဲတာ သဘောမကျရင်...ဒီနေရာ ကဆွဲဗျာ..။
ဘာမှကိုတကယ်မလိုတာပါ..။
ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။ ရှာပေတော့ပဲ...။

အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။
တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။
အဆင်ပြေပါစေဗျာ..။

တစ်ခုတော့ ကျွန်တော် တကယ်တောင်းပန်ပါတယ်..။
myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့
ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။
ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။


(ဝန်ခံချက်..တကယ်ပြောရရင် ဒါ ကျွန်တော် ရေးထားတဲ့ ဆော့ဝဲလ်မဟုတ်ဘူးဗျ..။
သူငယ်ချင်း တစ်ယောက်ရေးတာပါ..။ )


ခင်မင်စွာဖြင့်
ကိုဇော်




Attachment: kozaw357 Distionary_setup.exe
Tags: distionary
Prev: 122. ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။
Next: 124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
reply share

Tuesday, May 18, 2010

သည်းခံခြင်းသည်မြတ်ဧ။်

0 comments
( မေး ) ( ခန္တီ-သည်းခံခြင်း )
အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ကျော်ဆန်း-ထားဝယ် )

( ဖြေ )
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။

Wednesday, May 12, 2010

အလွယ်ကူဆုံးမြန်မာလိုဘာသာပြန်နိုင်ပြီ

0 comments
အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။

ဒီlinkကိုသာနှိပ်လိုက်ပါ။အကောင်းကြီးတော့မဟုတ်ဘူးနော် .http://www.myanmarnlp.org.mm/
installမောင်းရင်တော့Browsကနေ locationကိုညွှန်းဖို့မမေ့နဲ့နော်

Wednesday, May 5, 2010

ဓာတ်ပုံတွေပေါ်အောင်လုပ်နည်း

0 comments
တစ်ခါတစ်ရံလေ ကင်မရာထဲကနေ ကွန်ပြူတာထဲကို ဓာတ်ပုံတွေထည့်လို့ မပေါ်ဘူးဆိုရင် ဒီနည်းလေးကိုသုံးကြည့်ပါ။
My computerကိုRight clickနှိပ်လိုက်။ Tools>Folder Optionကိုရွေးပြီး Viewကိုနှိပ်ဗျာ။Advanced setting boxထဲက
Hidden files and folderအောက်မှ Showကိုရွေးလိုက်ပါ။ပြီးရင်တော့Apply OKပေါ့။ ဒါဆိုရင် အားလုံးကိုကြည့်လို့ရပါပြီ။
ဖြစ်တတ်လို့ပါ။ ကြုံလာရင်တော့သုံးကြည့်နော်.

Gtalkနှစ်ခုသုံးခုလုပ်နည်း

0 comments
Gtalkကိုနှစ်ခုသုံးခုလုပ်ချင်ရင် galk Iconကို Right Clickနှိပ်လိုက်ပါ။ Propertiesကိုဆက်နှိပ်လိုက်။Targetဘောက်စ်ထဲက
manualစာတန်းကိုဖြတ်ပြီးnomutexဆိုတဲ့စာကြောင်းလေးကို ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ apply >OKပေါ့။
ဒါဆိုရပါပြီ။ ကြိုက်သလောက်ပွားပြီး ကြိုက်သလောက်သာသုံးပေတော့။
သူငယ်ချင်းတစ်ယောက် တင်ခိုင်းလို့ပါ ။လိုအပ်ရင်တော့သုံးကြည့်လိုက်နော်..