Thursday, May 20, 2010

အင်္ဂလိပ် - မြန်မာ အဘိဓာန်.

0 comments
123. ..(လိုချင်ရင်ပေါ့လေ...) Aug 28, '09 1:38 AM
for everyone

ကျွန်တော် အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။
သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။
ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။
အသံပါ ထွက်ပေးတယ်လေ..။
ဥပမာ - Dog - ဒေါ့ ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။
ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။
အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။
ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)
ထားပါတော့...
ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။
ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။
မကောင်းဘူးလား......(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။
ကောင်းရင် အောက်က Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။
ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။
ယူစေ...ယူစေ....။
Attachment ဆွဲတာ သဘောမကျရင်...ဒီနေရာ ကဆွဲဗျာ..။
ဘာမှကိုတကယ်မလိုတာပါ..။
ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။ ရှာပေတော့ပဲ...။

အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။
တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။
အဆင်ပြေပါစေဗျာ..။

တစ်ခုတော့ ကျွန်တော် တကယ်တောင်းပန်ပါတယ်..။
myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့
ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။
ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။


(ဝန်ခံချက်..တကယ်ပြောရရင် ဒါ ကျွန်တော် ရေးထားတဲ့ ဆော့ဝဲလ်မဟုတ်ဘူးဗျ..။
သူငယ်ချင်း တစ်ယောက်ရေးတာပါ..။ )


ခင်မင်စွာဖြင့်
ကိုဇော်




Attachment: kozaw357 Distionary_setup.exe
Tags: distionary
Prev: 122. ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။
Next: 124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
reply share

Tuesday, May 18, 2010

သည်းခံခြင်းသည်မြတ်ဧ။်

0 comments
( မေး ) ( ခန္တီ-သည်းခံခြင်း )
အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ကျော်ဆန်း-ထားဝယ် )

( ဖြေ )
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။

Wednesday, May 12, 2010

အလွယ်ကူဆုံးမြန်မာလိုဘာသာပြန်နိုင်ပြီ

0 comments
အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။

ဒီlinkကိုသာနှိပ်လိုက်ပါ။အကောင်းကြီးတော့မဟုတ်ဘူးနော် .http://www.myanmarnlp.org.mm/
installမောင်းရင်တော့Browsကနေ locationကိုညွှန်းဖို့မမေ့နဲ့နော်

Wednesday, May 5, 2010

ဓာတ်ပုံတွေပေါ်အောင်လုပ်နည်း

0 comments
တစ်ခါတစ်ရံလေ ကင်မရာထဲကနေ ကွန်ပြူတာထဲကို ဓာတ်ပုံတွေထည့်လို့ မပေါ်ဘူးဆိုရင် ဒီနည်းလေးကိုသုံးကြည့်ပါ။
My computerကိုRight clickနှိပ်လိုက်။ Tools>Folder Optionကိုရွေးပြီး Viewကိုနှိပ်ဗျာ။Advanced setting boxထဲက
Hidden files and folderအောက်မှ Showကိုရွေးလိုက်ပါ။ပြီးရင်တော့Apply OKပေါ့။ ဒါဆိုရင် အားလုံးကိုကြည့်လို့ရပါပြီ။
ဖြစ်တတ်လို့ပါ။ ကြုံလာရင်တော့သုံးကြည့်နော်.

Gtalkနှစ်ခုသုံးခုလုပ်နည်း

0 comments
Gtalkကိုနှစ်ခုသုံးခုလုပ်ချင်ရင် galk Iconကို Right Clickနှိပ်လိုက်ပါ။ Propertiesကိုဆက်နှိပ်လိုက်။Targetဘောက်စ်ထဲက
manualစာတန်းကိုဖြတ်ပြီးnomutexဆိုတဲ့စာကြောင်းလေးကို ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ apply >OKပေါ့။
ဒါဆိုရပါပြီ။ ကြိုက်သလောက်ပွားပြီး ကြိုက်သလောက်သာသုံးပေတော့။
သူငယ်ချင်းတစ်ယောက် တင်ခိုင်းလို့ပါ ။လိုအပ်ရင်တော့သုံးကြည့်လိုက်နော်..

Sunday, May 2, 2010

Gtalk မှာ offline chat နေသူကိုဖမ်းနည်း

0 comments
ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history
ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲ

မေးပို့လာလျှင်အလိုအလျောက်ပြန်ကြားနည်း

0 comments
မေးတွေပို့တာကျေးဇူးတင်ပါတယ်လို့ အလိုအလျောက်ပြန်ကြားလိုလျှင် gmil မှ settingsကိုနှိပ်လိုက်ပါsettings boxထဲမှာ
vacation responder ကိုရှာတွေ့လျှင် ၄င်းအကွက်ထဲမှ on ကိုနှိပ်လိုက်ပါ။Endsကိုမှန်ခြစ်ပေးလိုက်ပါ ။
ကုန်ဆုံးမယ့်ရက်ကိုရွေးလိုက်ပါ။ ကြိုက်သလောက်ထားလို့ရပါတယ်။
မိမိရွေးထားသည့် နေ့ရက်အထိပြန်ကြားပေးနေမှာပါ။ ရွေးပြီးလျှင် messag boxထဲမှာ် မိမိစိတ်ကြိုက်စာရိုက်ပါ ဥပမာ မေးတွေပို့တာကျေးဇူးတင်ပါတယ်စသည်ပေါ့။ အားလုံးပြီးရင်တော့Save chingesကိုနှိပ်လိုက်ပါ။ ဒါဆိုရင်အိုကေပြီနော်
စမ်းကြည့်လိုက်ပါ


မှတ်ချက် ။ ။မသိသေးတဲ့သူငယ်ချင်းတွေအတွက်မျှဝေလိုက်တာပါ။