Showing posts with label article. Show all posts
Showing posts with label article. Show all posts

Tuesday, January 18, 2011

စက်တိုင်းလိုမည် Data Recovery

0 comments
8:13 AM အေကေတီ

ကျွန်ုပ်ကိုယ်တွေ့ဆော့ဖ်ဝဲလေးကို မိုးထက်မြင့်နည်းပညာကနေတွေ့လို့ ဝေငှလိုက်တာပါ။ သူ့စာဖတ်ပြီးလုပ်ကြည့်ုလိုက်ပါ။ မယုံမရှိနဲ့ကိုယ်တွေ့။
ဒါကြောင့် ကျွန်တော် ဒီနေ့တော့ အင်မတန်မှကို အသုံးဝင်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။ စက်တိုင်းလည်း ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်။ သူကတော့ Recovery ဆော့ဝဲလေးပါ။ Recovery ဆိုပေမယ့် သူက အဓိက လုပ်ပေးတာက မတော်တဆ မရည်ရွယ်ဘဲ လက်ကမှားပြီး ဖျက်မလိုက်တဲ့ Data တွေကို ချက်ချင်း ပြန်ယူတဲ့ ကောင်လေးပါ။ ဒီထပ်မကပါဘူး။ Windows တွေ ဆယ်ကြိမ်မက Format ရိုက်ခဲ့တာကိုတောင် ပုံတွေကို ပြန်ရှာပေးနိုင်ပါတယ်။ ဒီ Software လေးနဲ့ ဘယ်လို Data မျိုးတွေကို ပြန်ရယူနိုင်သလဲ ဆိုတော့.
1. Recycle bin ကနေ ဖျက်လိုက်တဲ့ Data။
2. အမြဲဖျက်နေကျ နည်းလမ်းဖြစ်တဲ့ Shift + Delete နဲ့ဖျက်လိုက်တဲ့ Data တွေအပြင်
3. Memory Card ထဲက နေဖျက်လိုက်မိတဲ့ Data တွေကိုပါ ပြန်ရယူနိုင်တယ်လို့ ဆိုထားပါတယ်။

File Deletion ဖြစ်စဉ်
ဒီနေရာမှာ ကျွန်တော်တို့ စက်ထဲမှာ File deletion လုပ်တဲ့ ဖြစ်စဉ်ကို နည်းနည်းရှင်းပြလိုပါတယ်။ ကျွန်တော်တို့တွေ File တစ်ခုကို Delete လုပ်လိုက်တာနဲ့ ကျွန်တော်တို့ Delete လုပ်လိုက်တဲ့ ဖျက်လိုက်တဲ့ဖိုင်တွေ (ယခင်နေရာယူထားတဲ့) နေရာကို HDD ကနေပြီး နေရာလွတ်( Free space ) ပါဆိုပြီး သတ်မှတ်ထားလိုက်ပါတယ်။ ဒါကြောင့် တကယ်လို့များ နောက်ထပ် Data အသစ်တွေ ကို အခုန HDD ထဲမှာဘဲ ထပ်သိမ်းချင်တဲ့အခါ HDD ကနေပြီး ခုန သူက Free Space လို့သတ်မှတ်ထားတဲ့ နေရာတွေမှာ သိမ်းဖို့ခွင့်ပြူလိုက်ပါတယ်။ တကယ်လို့ အခုနဖျက်လိုက်တဲ့ နေရာလွတ်တွေ နေရာမှာ နောက်ထပ် Data တွေထပ် မ Save ရသေးဘူးဆိုရင်တော့ ပြန်ပြီး Recover လုပ်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဖျက်လိုက်တဲ့ နေရာမှာ Data တွေထပ်ပြီး သိမ်းမိရင်တော့ ပြန်ပြီး Recover လုပ်ဖို့ ဒီ Software လေးအတွက် အခက်အခဲရှိနိုင်သလို ပြန်ရနိုင်ဖို့လည်း မသေချာပါဘူး။ အခုတော့ ဒီSoftwareလေးနဲ့ လုပ်ပုံလုပ်နည်းလေးကို ဆက်ကြည့်လိုက်ရအောင်…

လုပ်နည်း
1. ပထမဆုံး ဒီနေရာမှာhttp://www.mediafire.com/?4uzinu875cqprz8#2 ဒေါင်းလုပ် ယူလိုက်ပါ။
2. Software လေးကို Install လုပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံလေးလိုမျိုး ကျလာပါလိမ့်မယ်။ မိမိ ပြန်လိုချင်တဲ့ Files အမျိုးအစား တွေကို ရွေးပေးလို့ ရပါတယ်။


3. ရွေးပြီးပြီဆိုတာနဲ့ Next ပေးလိုက်တာနဲ့ Recover လုပ်ပေးတဲ့ ပုံလေးပေါ်လာပါလိမ့်မည်။


4. Recover လုပ်ပြီးပြီဆိုတာနဲ့ ကျလာတဲ့ Box လေးထဲမှာ အနီရောင်နဲ့ အပြာရောင် ဆိုပြီး နှစ်မျိုး ပြထားတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်ဆိုတာကတော့ ပြန်ရဖို့မသေချာ ဘူးဆိုတဲ့သဘောကို ပြထားတာပါ။ အစိမ်းရောင်ကတော့ သေချာပေါက် ပြန်ရမယ်ဆိုတဲ့ သဘောကို ဆိုလိုတာပါ။ မိမိပြန်လိုချင်တဲ့ File တွေကို Click ပေးပြီးရင် ဘယ်နေရာမှာ ပြန်သိမ်းမလဲရွေးတဲ့ အခါမှာ မိမိဖျက်လိုက်တဲ့ HDD မဟုတ်တဲ့ တစ်ခြား Partion ကိုရွေးပေးရပါမယ်။ ဆိုလိုတာက မိမိက C: ထဲက Data ကို Recover ပြန်ယူတဲ့အခါ D: သို့မဟုတ် တစ်ခြား Partion တစ်ခုခုကို ရွေးပေးရပါမယ်။ ဒါဆိုရင်အားလုံး အဆင်ပြေ သွားပါပြီ။


သုံးရတာ အဆင်ပြေပါတယ်။ အာလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Sunday, July 4, 2010

အမျိုးသားရေးစိတ်ဓာတ်

0 comments
ကိုယ့်အမျိုးကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးကိုတိုးတက်စေလိုတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးသားတွေအခက်အခဲမျိုးစုံနဲ့ကြုံနေရတဲ့အချိန်မှာ စိတ်နှလုံးမသာဖြစ်ပြီး ကူညီလိုတဲ့စိတ်ဓာတ် ဒါတွေကိုပေါင်းစပ်ပြီး အမျိုးသားရေးစိတ်ဓာတ်လို့ ခံစားမိတယ်။
အမျိုးစားရေးစိတ်ဓာတ်ဆိုတာလူတိုင်းမှာရှိသင့်တယ်မဟုတ်လား။ လူတွေနဲ့ပဲဆိုင်တယ် ဘုန်းကြီးတွေနဲ့မဆိုင်ဘူးလို့
မင်းတို့ထင်သလား။ ဒို့ဘုရားရှင်တောင် ညာတတ္ထစရိယာ=သူ့အမျိုးသားတွေအတွက် အနစ်နာခံပြီးဆောင် ရွက်ပေးခဲ့ ဖူ့းတယ်လေ။ သူ့အမျိုးသားတွေရေဘေးဒုက္ခကြုံလို့ ဘုရားရှင်ကူညီခဲ့ဖူးတယ်။ သူ့အမျိုးသားတွေ စစ်ဘေးဒုက္ခကြုံလို့ ကြားဝင်ဖြေရှင်းခဲ့ဖူးတယ်။ ကိလေသာအာသဝေါတွေကုန်ခမ်းပြီဆိုပေမယ့် မဟာကရုဏာစိတ်တော့ရှိတယ်လေ။ သနားနေရုံနဲ့မပြီးဘူးလက်တွေ့အကောင်အထည်လဲဖော်ဆောင်ပြခဲ့တယ်။
ဒို့တစ်တွေဟာကိလေသာအာသဝေါတွေလဲမကုန်သေးပါဘူး။ ကုန်အောင်လဲအချိန်ပြည့်မကျင့်သေးပါဘူး။ ဒါပေမယ့်ကွာ ကိုယ့်အမျိုးသားတွေဆင်းရဲဒုက္ခကြုံနေတာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေတယ်ဆိုတာကိုသိရက်နဲ့ ဘာဖြစ်လို့ဥပေက္ခာ ပြုရက်ကြ တာလဲ။ ငါစဉ်းစားလို့မရဘူး။
မနေ့က ငါတော်တော်ခံစားလိုက်ရတယ်။ ငါကအခုသိရိလင်္ကာနိုင်ငံမှာရောက်နေတယ်။ငါတို့လိုပဲဒီနိုင်ငံမှာရောက်နေတဲ့ မြန်မာကိုရင်လေးတွေရှိကြတယ်။ သူတို့ကိုတော့သီရိလင်္ကာဘုန်းကြီးတစ်စ်ပါးကခေါ်လာတာလို့တော့သတင်းရတယ် ဘယ်လိုနေကြတယ်ဆိုတာ အတိအကျမသိရဘူး။ ငါတို့လဲသူများနိုင်ငံမှာ လာနေတာဆိုတော့ အဆင်ပြေလှတယ်တော့မဟုတ်ဘူး အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့ကြရတာပဲ။ ငါတို့လို အရွယ်ရောက်ပြီးသားသူတွေတောင်အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့တယ်ဆိုရင် ကိုယ်ရင်လေးတွေဆို ဘယ်လိုဖြစ်လိုက်ကြမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။
မနေ့ကကိုရင်လေးတွေနေတဲ့ကျောင်းကို သတင်းရလို့ငါသွားတယ်။ ကုလားဘုန်းကြီးကျောင်းတစ်ကျောင်းမှာရောက်နေ
ကြတယ်။ ကုလားဘုန်းကြီးကိုအရင်ဝင်တွေပြီး မြန်မာကိုရင်လေးတွေရှိတယ်ကြားလို့လာတာပါ တွေ့ချင်လို့ပါလို့ဆိုတော့အင်တင်တင်နဲ့ ဒါပေမယ့်တွေ့ခွင့်တော့ပေးပါတယ်။ ကိုရင်လေးနှစ်ပါးက ကိုယ့်ကိုမြင်တော့ မျက်ရည်ဝဲပြီးငိုသံပါပါနဲ့ ဦးဇင်း....ခေါ်လိုက်တဲ့အသံက ငါ့နှလုံးသားကိုထိခိုက်သွားတယ် ။ ငါလဲလူသားတစ်ယောက်ပဲလေဲဥပေက္ခာပြုနိုင်လောက်တဲ့အထိ ငါမရင့်ကျက်သေးဘူး။ မင်းတို့အဆင်ပြေကြလားလို့မေးတော့ အဆင်မပြေဘူး တပည့်တော်တို့ဒီမှာနေရတာမပျော်ဘူး ။သူတို့ကတပည့်တော်တို့ကို အနိုင်ကျင့်တယ်။ အမျိုးမျိုးခိုင်းတယ်။ ဘာစာမှသင်မပေးဘူး။ တပည့်တော်တို့ ဆွမ်းစားသွားလို့ရသမျှအကုန်သိမ်းတယ်။ ဆပ်ပြာကအစသိမ်းတယ်။ပတ်စ်ပို့လဲသိမ်းထားတယ်။ ဒီကျောင်းမှာမနေချင်ဘူး။တပည့်တော်တို့ကိုကူညီပါတဲ့ ။ ကဲမင်းတို့
ဘယ်လိုခံစားကြမလဲ။ သူတို့အသက်ကိုမေးကြည့်တော့တစ်ပါးက၁၃နှစ်၊ တစ်ပါးက၁၁နှစ။် ဘယ်လောက်အားငယ်လိုက်ကြမလဲ ။ အသက်သုံးဆယ်ကျော်ပြီဖြစ်တဲ့ငါတို့တောင် တစ်ခါတစ်ရံ အားငယ်မိတယ် လွမ်းစွတ်သတိရမိတယ်လေ။ သူတို့ပြောတာလေးတွေကိုနားထောင်ရင်း ငါလေစိတ်မကောင်းဖြစ်လိုက်တာ။ တစ်ခြားဘယ်သူတွေရှိသေးလဲလို့မေးကြည့်တော့ အများကြီးရှိသေးတယ် ။ဘယ်ရောက်လို့ရောက်နေကြမှန်းမသိဘူး။ဖုန်းနံ
ပတ်ပေးတာနဲ့ဖုန်းဆက်ကြည့်တော့ကိုရင်လေးတွေနဲ့စကားပြောခွင့်ရတယ်။ အဲဒီမှာငါးပါးရှိတယ် အဆင်မပြေကြဘူး အနိုင်
ကျင့်ခံကြရတယ်ကျောင်းပြောင်းချင်ကြတယ်တဲ့။ ကိုယ့်အမျိုးသားလေးတွေ အနိုင်ကျင့်ခံကြရတယ်ဆိုတာကိုကြားလိုက်ရ
တော့စိတ်မကောင်းလိုက်တာလေ။
ကိုရင်ရေ ဘာမှအားမငယ်ကြနဲ့ ငါတို့တစ်တွေမင်းတို့ကိုကူညီမယ်။ မင်းတို့ဟာငါတို့ရဲ့သွေးသားတွေအမျိုးသားတွေ
ဖြစ်တယ်။ ငါတို့ရဲ့မျိုးဆက်သစ်တွေဖြစ်တယ်။ ငါတို့အစွမ်းကုန်ကူညီမယ်လို့အားပေးစကားပြောပြီး လိုအပ်တာလေးတွေကိုပေးခဲ့တယ်။ အမျိုးကိုချစ်တယ်ဆိုတာချစ်နေရုံနဲ့မပြီးသေးဘူးလေ ကိုယ့်အမျိုးသားတွေဒုက္ခမရောက်အောင်စောင့်ရှောက်ရမယ်။ ဒုက္ခရောက်နေရင်ကူညီဖြေရှင်းပေးရမယ်။ ဒါကိုအမျိုးသားရေးစိတ်ဓာတ်လို့ပြောရင် ကြီးကျယ်တယ်ဆိုမလားဗျာ...
ကိုယ်ချင်းစာစိတ်နဲ့ အားလုံးပါဝင်ကူညီဆောင်ရွက်ပေးကြပါ....

Saturday, April 17, 2010

ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်

0 comments
ကိုကျော်သူရဲ့ရှင်းတမ်းဆောင်းပါးကိုသဘောကျလို့မျှဝေလိုက်တာပါ
“ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”

Posted on 4/15/2010 by Traveller
Mood: .
Tags: “ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”

“ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”ဆိုတဲ့
အခြေခံဥာဏ် အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာ အရှေ့နဲ့ အနောက်၊ သမုဒ္ဒရာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊
မြေပြင်နဲ့ မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။

တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါကိုယ်တော်ဖန်ဆင်းထားတာလို့
ဟောတယ်။ ဂေါတမဗုဒ္ဓက တော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ “မင်းတို့ကိုယ်တိုင်ပဲ”လို့ ဟောပါတယ်။

သူတို့ဘုရားရှင်တွေဟာ “မေတ္တာရှင်၊ ဂရုဏာရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်” -
၁။ အသက်ရှည်တဲ့ သူတွေဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်ဖန်ဆင်းသင့်တယ်၊ အနာရောဂါများတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၃။ ရုပ်လှတဲ့သူတွေ ဖြစ်အောင်ဖန်ဆင်းသင့်တယ်၊ ရုပ်ဆိုးတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၎။ အခြွေရံများတဲ့သူတွေ ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ အခြွေရံ နည်းတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ချမ်းသာတဲ့သူတွေ ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ ဆင်းရဲတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၆။ အမျိုးမြတ်သူတွေချည်း ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ အမျိုးယုတ်တဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၇။ ဥာဏ်ကောင်းသူတွေချည်း ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ ဥာဏ်ထိုင်းတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဒီမေးခွန်တွေကို ထောက်ဆကြည့်ရင် လူသားတွေကို တန်ခိုးရှင်တဦးဦးက
ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။

လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရှင်းရှင်က သပရိပဏ္ဏာသပါဌိတော်၊
စူဠကမ္မ၀ိဘင်္ဂသုတ်မှ အခုလိုဟောထားပါတယ်။
၁။ သူ့အသတ်ကို သတ်သူမှာ အသက်တိုပြီး၊ မသတ်ပဲရှောင်ကြဉ်သူများမှာ အသက်ရှည်ပါတယ်။
၂။ သူတပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများ အနာရောဂါကင်းပါတယ်။
၃။ ဒေါသကြီးသူများ ရုပ်ဆိုးပြီး၊ မေတ္တာထားသူများ ရုပ်လှပါတယ်။
၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံများပါတယ်။
၅။ မပေးလှုသူများ ဆင်းရဲပြီး၊ ပေးလှုသူများချမ်းသာပါတယ်။
၆။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို မရိုသေသူများအမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါတယ်။
၇။ မသိတာကိုမေးမြန်းသူများ ဥာဏ်ကောင်းပြီး၊ မသိတာကိုမမေးမြန်းသူများ ဥာဏ်ထိုင်းပါတယ်။
ဒီအမေး ဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာလူငယ်များပြတ်သားစွာယုံကြည်ထားရမှာက
“အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာက
ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာအကုသိုလ်ကံကြောင့်”ဆိုတဲ့ အချက်ပါပဲ။

အကျယ်ချဲ့ပြီး သိသင့်တာက-
၁။ မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် “ဗြဟ္မဏ၀ါဒ”(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၂။ ဖွတ်တက်လို့ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ယူဆရင် “ဗြဟ္မဏ၀ါဒ”။
အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလို့၊ အကုသိုလ်ရှိလို့ဆင်းရဲတယ်ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၃။ လက်ယပ်ခေါ်တဲ့ အရုပ်လေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့်စိုက်ထားလို့၊ ပိုက်ဆံနဲ့ပုံဖော်ထားတဲ့
ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ဝီရိယ၊ ဥာဏ်ယှဉ်၊ စေတနာ မေတ္တာထားလို့ ဈေးရောင်းကောင်းတယ် ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၎။ ရက်ရာဇာမှကောင်းကျိုးပေးပြီး ပြသဒါးကမကောင်းကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ် လို့ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၅။ စနေ၊ တနင်္ဂနွေ အစရှိသောဂြိုဟ်တွေက ကောင်းကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၆။ ခရီးသွားတဲ့အခါ နဂါးလှည့် သင့်မှု၊ မသင့်မှုကြောင့်ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီးအကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၇။ စုံဂဏန်း၊ မဂဏန်း၊ ၁၃ ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၈။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင်ရွာပြင်မှာဆုံးတဲ့ အလောင်းကို မြို့ထဲ ရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊
ရွာခိုက်တယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ထိုအကြောင်းများကြောင့် မြို့မခိုက် ရွာမခိုက်ဘူးလို့ ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၉။ အလောင်းကိုင်တာချင်းတူပါလျှက် သုဘရာဇာကို အဝေးမှရှောင်ပြီး ဆရာဝန်ဖြစ်မယ့်သူကို သားသမက်ဖမ်းခြင်းသည် “ဗြဟ္မဏ၀ါဒ”။
အယူအစွဲမရှိပဲ နှစ်ဦးလုံးတန်းတူဆက်ဆံခြင်းသည် “ဗုဒ္ဓ၀ါဒ”။
၁၀။ ဒက္ခိဏသာခါ ရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်။ ဆင်းစီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည်။
ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်)ဘုရားကို ကိုးကွယ်လျှင်ရာထူးတက်သည် ဟုယူဆပြီးကိုးကွယ်လျှင် “ဗြဟ္မဏ၀ါဒ”။
ဒက္ခိဏသာခါ ရုပ်ပွားပုံထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သောရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်ပြီး ဆင်စီးမြင်းရံဘုရားကို
ထုလုပ်လျှင် ဘုရားရှင်၏ မဟာဂရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလျှင်
ရဟန်းတစ်ပါးကို ယုတ်နိမ့်သောလူ အ၀တ်အစားများဖြင့် ၀တ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မျှော်မြင်ပြီး
ထိုပုံမျိုးကို မကိုးကွယ်ပဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် “ဗုဒ္ဓ၀ါဒ”။
၁၁။ တန်းခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးများများရသည် ၊ တန်ခိုးမရှိသော ရုပ်ပွားစေတီကို
ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာရသည်ဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာကသာ အဓိကဖြစ်သည်။
စေတနာအကြီးအသေးက ကောင်းကျိုးအကြီးအသေးကိုဖြစ်စေသည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၂။ လူသေပြီး ၇ ရက်လည်မှအိမ်မှ ထွက်သည်ဟုယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
ခုတိနောင် ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားပဲ နောင်ဘ၀သစ်တွင် ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၃။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှုလျှင် “ဗြဟ္မဏ၀ါဒ”။
အလှုခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီးလှုလျှင် “ဗုဒ္ဓ၀ါဒ”။
၁၄။ ၀ါတွင်းကာလတွင် အိမ်မပြောင်းကောင်းဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
အဆင်ပြေသည့်အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၅။ လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်။
အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
သူ့အသက်ကို မသတ်ခြင်း သူတပါးအသက်ကို ရှည်ခွင့်ရအောင် ဆေးဝါးလှုဒါန်းခြင်းဟူသော ကုသိုလ်၊
ထို့ကြောင့် အသက်ရှည်သည်။ သူတပါး အသက်ကိုသတ်ခြင်း အကုသိုလ်ကြောင့်အသက်တိုသည် ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
အာယုလမ်းကြောင်းသည် သင်္ကေတ နိမိတ်သာဖြစ်သည်။
အထက်ပါအကြောင်းအရာ များကား “လူငယ်တစ်ယောက် ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်စေဖို့”
အတွက် “အခြေခံလိုအပ်ချက်များ”ဖြစ်ပါတယ်။

ပြင်ဆင်ဖြည့်စွက် ဝေမျှလိုက်ပါသည်...
Dennis {Traveler} (ခေတ္တ - လူ့ပြည်)