Friday, August 12, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

0 comments
(Funny you should say that/That’s news to me/ Come to think of it/Too true!/No way)

Funny you should say that (တိုက်ဆိုင်လိုက်တာ)

တစ်ယောက်ယောက်က ပြောလက်စ စကားအကြောင်း မသိဘဲ ၀င်ပြောတာ အံ့သြစရာ၊ မမျှော်လင့်ဘဲ အကြောင်းအရာချင်း ဆက်စပ်နေရင် Funny you should say that လို့ ပြောနိုင်တယ်။

• 'This area needs a good cheap restaurant.'
Funny you should say that! A friend of mine is planning to open one in a month or two.'
ဒီနားမှာ ဈေးသိပ်မကြီးတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ခုလောက် ရှိဖို့ လိုနေတယ်။
တိုက်ဆိုင်လိုက်တာ၊ ဒို့ သူငယ်ချင်းတစ်ယောက်က တစ်လ နှစ်လလောက်နေရင် စားသောက်ဆိုင်ဖွင့်မလို့ လုပ်နေတာ။
• 'Frank really should think of marrying again. It's a long time since his wife died and he's very lonely.'
'Funny you should say that! He's just told me that he is joining a dating agency.'
ဖရင့်ကတော့ နောက်အိမ်ထောင်ပြုဖို့ ကောင်းနေပြီ။ သူ့ဇနီးဆုံးတာလဲ ကြာပြီ၊ သူလည်း တစ်ယောက်တည်း ဖြစ်နေတယ်။
တိုက်ဆိုင်လိုက်တာ၊ ဖရင့်က အိမ်ထောင်ဖက်ရှာတဲ့ အဖွဲ့မှာ နာမည်စာရင်းသွင်းထားမယ်ဆိုပြီး အခုဘဲ ပြောသွားတယ်။

That’s news to me (ဒို့တောင်မသိရသေးဘူး။)

အကြောင်းအရာတစ်ခုကို ကြားသိရတဲ့အခါ မသိသေးဘူး၊ သိခဲ့ဖို့ ကောင်းတယ်ဆိုတဲ့သဘော ပြန်ပြောချင်ရင် that's news to me ကို သုံးနိုင်တယ်။

• 'Bill and Jane were never married.'
'That's news to me. He always referred to her as his wife.'
ဘီလ်နဲ့ ဂျိန်းက လက်မထပ်ရသေးဘူးတဲ့။
ဒို့လည်း မသိရပါလား။ ဘီလ်က ဂျိန်းကို အမြဲတမ်း သူ့မိန်းမ အနေနဲ့ဘဲ ပြောဆိုနေတဲ့ဟာ။
• 'Apparently they are building a huge new office block near the public park.'
'That's news to me and I live in that area.'
လူထုဥယျာဉ်နားမှာ ရုံးအဆောက်အအုံကြီး ဆောက်မလို့ လုပ်နေကြတယ်။
ဒို့တောင်မသိသေးဘူး။ အဲဒီရပ်ကွက်ထဲမှာ နေရက်သားနဲ့။

Come to think of it (နေပါဦး ၊စကားမစပ်)

တစ်ခုခုကို အခုဘဲ သတိရလာပြီ ၊အမှတ်ရလာပြီလို့ ပြောချင်ရင် come to think of it ကို သုံးနိုင်တယ်။

• Jane wasn't at tonight's meeting. Come to think of it, she wasn't there last week either.
ကနေ့ည အစည်းအဝေးကို ဂျိန်း လာမတက်ဘူး။ နေပါဦး ပြီးခဲ့တဲ့ အပတ်ကလည်း လာမတက်ဘူး။
• The doctors said that Bob has heart disease. Come to think of it, his father had something wrong with his heart.
ဆရာဝန်က ဘော့ဘ်မှာ နှလုံးရောဂါရှိတယ်လို့ ပြောတယ်။ နေပါဦး သူ့အဖေလည်း နှလုံးမကောင်းဘူးလေ။

Too true! (သိပ်ဟုတ်တာပေါ့။)

စကားတစ်ခွန်း အင်မတန် မှန်ကြောင်း၊ လုံးဝသဘောတူညီကြောင်း ပြောချင်ရင် too true! လို့ ပြောနိုင်တယ်။

• 'So you think that the hotel porter could be the thief.'
'Too true! We've just discovered that he was sacked from his last job for theft.'
ဟော်တယ်က ပစ္စည်းသယ်ပို့ပေးတဲ့သူ သူခိုးဖြစ်နိုင်တယ်လို့ ထင်တာလား။
သိပ်ဟုတ်တာပေါ့။ ဟိုတယ်မှာ မလုပ်ခင်က ခိုးမှုနဲ့ အလုပ်ပြုတ်လာတာတဲ့လေ။ အခုဘဲ သိခဲ့ရတယ်။
• 'I think we all deserve a day off.'
'Too true! We have been working overtime for weeks now.'
ဒို့အားလုံး အားလပ်ရက် တစ်ရက်လောက်တော့ ရသင့်ပါတယ်။
မှန်လိုက်လေ။ အချိန်ပိုဆင်းနေရတာ ဘယ်နှပတ်ရှိနေပြီလဲ။

No way (မဖြစ်နိုင်တာချည်းကို။)
လုံးဝမလုပ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ်၊ မဖြစ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ် no way ကို သုံးနိုင်တယ်။

• 'Are you going to accept the job?'
'No way! It's very badly paid.'
အဲဒီအလုပ်ကို လုပ်မှာလား။
လုံးဝဥဿုံဘဲ၊ လခက တစ်အားနည်းတယ်။
• 'Do you think that Bob will come on holiday with us?'
'No way! He never has any money!'
ဘော့ဘ်က ဒို့နဲ့တူတူ အားလပ်ရက် ခရီးထွက်မယ်လို့ ထင်သလား။
မဖြစ်နိုင်တာ။ သူ့မှာ ဘယ်တုံးက ပိုက်ဆံရှိလို့လဲ။
• There is no way that Jim would give Pete a job. He really dislikes him.
ဂျင်မ်ကတော့ ပီတာကို အလုပ်ခန့်စရာ အကြောင်းမရှိဘူး။ ကြည့်လိုမှ မရတဲ့ဟာကို။


Read more: အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Funny you should say that/That’s news to me/ Come to think of it/Too true!/No way) - Myanmar Network http://www.myanmar-network.net/forum/topics/funny-you-should-say-that#ixzz1UrmB77CC

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (That's all I need!/So what's new?/Quite right, too!/Speak for yourself/What's up?)
• Posted by Language Republic on August 9, 2011 at 5:20pm in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
• Send Message View Discussions
That's all I need! (ဒီထက်ပိုပြီး မခံနိုင်တော့ဘူး။)

ပြဿနာတွေ များနေတဲ့ကြားမှာ အခက်အခဲ ဒါမှမဟုတ် မကောင်းတာတစ်ခု ထပ်ဖြစ်တဲ့အခါ that's all I need! လို့ ပြောနိုင်တယ်။

• That's all I need! I've spent the morning trying to sort out the catering arrangements for the wedding reception and now you say that the band has cancelled.
ဖြစ်ရလေ။ တစ်မနက်လုံး မင်္ဂလာဧည့်ခံပွဲအတွက် အကျွေးအမွေးတွေ စီစဉ်လိုက်ရတာ၊ အခုတော့ တီးဝိုင်း အစီအစဉ်ကို ဖျက်လိုက်တယ်တဲ့လား။
• That's all I need! I already have a house full of guest and my son has just rung to say that he's coming home for the weekend and bringing to friends.
တကယ်ပါဘဲ။ အိမ်မှာ ဧည့်သည်တွေ တစ်အိမ်လုံးပြည့် ရောက်နေပါတယ်ဆိုမှ သားက စနေ တနင်္ဂနွေ ကျရင် သူငယ်ချင်းတွေခေါ်ပြီး အိမ်ပြန်လာမယ်လို့ ဖုန်းဆက်ပြီး ပြောတယ်လေ။

So what's new? (ဘာထူးဆန်းလို့လဲ။)

ခင်မင်ရင်းနှီးသူအချင်းချင်း အားမနာတမ်း ပြောကြဆိုကြတဲ့ အခြေအနေမှာ မအံ့သြတော့ဘူး၊ ထင်သားဘဲလို့ ပြောချင်ရင် so what's new? ကို သုံးနိုင်တယ်။

• John promised to attend the meeting but he didn't turn up.
So what's new? He's completely unreliable.
ဂျွန်က အစည်းအဝေး တက်မယ်ပြောပြီး လာလည်း မလာဘူး။
ဘာထူးဆန်းလို့လဲ။ အဲဒီလူက ယုံလို့ရတဲ့လူမှ မဟုတ်တာ။
• We had to cancel the picnic yesterday because it was raining.
So what's new? It's very risky holding outdoor events in this climate.
မိုးရွာနေလို့ မနေ့က ပျော်ပွဲစားအစီအစဉ် ဖျက်လိုက်ရတယ်။
ဒါများ။ ဒီရာသီဥတုနဲ့ အဆောက်အအုံ အပြင်မှာ ပွဲလုပ်လို့ကတော့ မိုးဖျက်ဖို့ များတယ်။

Quite right, too! (ဖြစ်သင့်တာပေါ့။)

သဘောတူကြောင်း အလေးအနက် ပြောချင်ရင် quite right, too! လို့ ပြောနိုင်တယ်။

• The principal has threatened to suspend any student who was found guilty of bullying.
Quite right, too! The rest of the students must be protected from bullies.
အနိုင်ကျင့်တဲ့ ကျောင်းသားတွေကို ကျောင်းတက်ခွင့် ဆိုင်းငံ့မယ်လို့ ကျောင်းအုပ်ကြီးက သတိပေးတယ်။
လုပ်သင့်တာပေါ့။ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်တဲ့သူတွေ ဒုက္ခမပေးအောင် ကာကွယ် ပေးရမယ်။
• I'm planning to take a few days off next month.
Quite right, too! You work too hard!
နောက်လကျရင် ခွင့်နဲနဲ ယူမလားလို့။
ယူသင့်တာပေါ့။ အလုပ်တွေနဲ့ ပိနေတာ မဟုတ်လား။

Speak for yourself (အခြားသူတွေကို ဆွဲမထည့်နဲ့လေ။)

တစ်ယောက်ယောက်ကို ကိုယ်ထင်တာ ကိုယ်ပြောနေတာ မဟုတ်လား၊ အခြားသူတွေရဲ့ ထင်မြင်ချက်က အဲဒီလို ဟုတ်ချင်မှ ဟုတ်လိမ့်မယ်လို့ သတိပေးချင်ရင် speak for yourself လို့ ပြောနိုင်တယ်။

• This year's exams were much easier than last year's.
Speak for yourself! I thought they were much more difficult.
ဒီနှစ်စာမေးပွဲက မနှစ်ကနဲ့စာရင် အများကြီး ပိုလွယ်တယ်။
မင်းအတွက်တော့ ဟုတ်ချင်ဟုတ်မှာပေါ့။ ငါကတော့ ဒီနှစ် အများကြီး ပိုခက်တယ်လို့ ထင်တာဘဲ။
• The lecture on local history was very boring.
Speak for yourself! I found it very interesting.
ဒီနယ်မြေသမိုင်းကြောင်းကို ပို့ချနေတာ ပျင်းစရာ ကောင်းလိုက်တာ။
မင်းသာ ပျင်းတာ။ ငါကတော့ စိတ်ဝင်စားတယ်။

What's up? (ဘာဖြစ်နေတာလဲ။)

တစ်ခုခုများ ဖြစ်သလား၊ အထူးသဖြင့် မကောင်းတာ တစ်ခုခု ဖြစ်သလား၊ ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေတာလဲ လို့ မေးချင်ရင် what's up? ကို သုံးနိုင်တယ်။

• What's up? Everyone's looking miserable.
ဘာဖြစ်နေတာလဲ။ အားလုံး မျက်နှာ မကောင်းပါလား။
• I just met Jane and she was crying. What's up?
ဂျိန်းကို အခုလေးတင် တွေ့ခဲတာ ငိုနေတယ်၊ ဘာဖြစ်တာလဲ။

တစ်ခါတစ်လေ what's up with ____ ? လို့လည်း ကွက်လပ်နေရာမှာ လူနာမည်ထည့်ပြီး သုံးလေ့ရှိတယ်။

• What’s up with Jim? He looks angry.
ဂျင်မ်က ဘာဖြစ်နေတာလဲ၊ ဒေါကန်နေတဲ့ မျက်နှာနဲ့။

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (That's all I need!/So what's new?/Quite right, too!/Speak for yourself/What's up?) - Myanmar Networkhttp://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A326418&xgs=1&xg_source=msg_share_topic#ixzz1UrjVwJXY
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (It's beyond me/Not my cup of tea/Dream on!/That's a first!/Too good to be true)
• Posted by Language Republic on August 4, 2011 at 1:51pm in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
• Send Message View Discussions
It's beyond me (ဒို့တော့ ဥာဏ်မမီဘူး။)

နားမလည်ကြောင်း အလေးအနက် ပြောချင်ရင် it's beyond me လို့ ပြောနိုင်တယ်။

• It's beyond me where Meg gets all that money to spend on clothes.
Meg တစ်ယောက် ဘယ်က အ၀တ်အစားဖိုး အဲဒီလောက်ငွေတွေ ရနေသလဲ စဉ်းစားလို့မရဘူး။
• It's beyond me how Anne puts up with her husband's rude behaviour.
Meg က သူ့ယောက်ျားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဘယ်လိုလုပ် သည်းခံနိုင်သလဲ ဥာဏ်မမီဘူး။

Not my cup of tea (ဒို့ကတော့ မကြိုက်ပေါင်။)

သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် ပြောကြဆိုကြတဲ့ အနေအထားမှာ တစ်ခုခုကို မနှစ်သက်ကြောင်း၊ စိတ်မ၀င်စား ကြောင်း ပြောချင်ရင် not my cup of tea လို့ သုံးနှုန်းနိုင်ပါတယ်။
• Beach holidays are not my cup of tea.
ပင်လယ်ကမ်းခြေမှာ အားလပ်ရက်ထွက်ဖို့ ဒို့ကတော့ စိတ်မ၀င်စားဘူး။
• Opera's not my cup of tea.
ဒို့ကတော့ အော်ပရာ မကြိုက်ပေါင်။

Dream on! (စိတ်ကူးယဉ်လိုက်ပုံများ)

လက်တွေ့မကျဘူး၊ ဖြစ်လာဖို့ မနီးစပ်ဘူးလို့ သူငယ်ချင်း အချင်းချင်း လွတ်လပ်စွာ ပြောချင်ရင် dream on! လို့ ပြောနိုင်တယ်။
• 'I'd love to have a car like that.'
'Dream on! You probably couldn't even afford the petrol for it.'
အဲဒီလို ကားမျိုး စီးချင်လိုက်တာ။
စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီကားထဲ ထည့်တဲ့ ဓာတ်ဆီဖိုးတောင် မင်း တတ်နိုင်မှာ မဟုတ်ဘူး။
• I'm thinking of getting some kind of a job in Hollywood to try to get a part in a film.
'Dream on! Hollywood is full of people doing that and hardly any of them get into films.'
ဟောလီးဝုဒ်မှာ အလုပ်တစ်ခုခု ရှာပြီး ရုပ်ရှင်ဝင်ရိုက်လို့ ရအောင် ကြိုးစားမလားလို့ စဉ်းစားနေတယ်။
စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီလို လုပ်ချင်နေတဲ့သူတွေ ဟောလီးဝုဒ်မှာ ဒုနဲ့ဒေး၊ ရုပ်ရှင်ထဲ ပါနိုင်တဲ့သူကတော့ မရှိသလောက်ဘဲ။
အလားတူ အခြားအသုံးအနှုန်း တစ်မျိုးကတော့ in your dreams လို့ ပြောတာဖြစ်ပါတယ်။

That's a first! (မကြုံစဖူးပါလား)

သူငယ်ချင်းအချင်းချင်း ပြောကြဆိုကြတဲ့အနေအထားမှာ အံ့သြစရာ မျှော်လင့်မထားတာ တစ်ခုခု ဖြစ်လာရင် that's a first! လို့ ပြောနိုင်တယ်။

• 'Jane was the first to arrive at the party.'
'That's a first! She's usually late.'
ပါတီပွဲကို ပထမဆုံးရောက်လာတာ ဂျိန်းပါဘဲ။
မကြုံစဖူးပါလား။ ဂျိန်းက ခါတိုင်းဆို နောက်ကျတတ်တယ်။
• Tom says that he's going to start saving.'
'That's a first! He's always been very extravagant.'
တွမ်က ပိုက်ဆံစုတော့မယ်တဲ့။
ကြားသားမိုးကြိုး၊ အမြဲတမ်း အသုံးအဖြုန်းကြီးတဲ့လူက။

Too good to be true (ကောင်းလွန်းအားကြီးနေတယ်။)

ကောင်းလွန်းအားကြီးနေတယ်၊ မဖြစ်နိုင်လောက်အောင် အဆင်ပြေနေတယ်၊ မဟုတ်လောက်ဘူးလို့ ပြောချင်ရင် too good to be true လို့ ပြောနိုင်တယ်။

• The bank manager originally said that I might get a bank loan to start my new business, but it was too good to be true. He refused to lend me money when he studied the figures.
ကျွန်တော် စီးပွားရေး လုပ်ငန်းအသစ်စလုပ်ဖို့ ဘဏ်မန်နေဂျာက ပထမတော့ ငွေထုတ်ချေးမယ်လို့ ပြောတယ်။ အဆင်ပြေလွန်းအားကြီးနေတယ်။ ကိန်းဂဏန်းတွေကိုလည်း လေ့လာပြီးရော ငွေမချေးနိုင်တော့ဘူးလို့ ဖြစ်သွားပါလေရော။
• I thought that I had won the lottery last week, but it was too good to be true. I have read the numbers wrongly.
လွန်ခဲ့တဲ့အပတ်က ကျွန်တော် ထီပေါက်တယ် ထင်တာ။ ဒါပေမယ့် ကောင်းလွန်းအားကြီးနေတယ် မဖြစ်နိုင်ဘူး။ နံပါတ်မှားဖတ်မိတာ။


ဤသင်္ခန်းစာများကိုBritish Council Myanmar Networkမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment