Friday, August 12, 2011

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ

0 comments
(Funny you should say that/That’s news to me/ Come to think of it/Too true!/No way)

Funny you should say that (တိုက်ဆိုင်လိုက်တာ)

တစ်ယောက်ယောက်က ပြောလက်စ စကားအကြောင်း မသိဘဲ ၀င်ပြောတာ အံ့သြစရာ၊ မမျှော်လင့်ဘဲ အကြောင်းအရာချင်း ဆက်စပ်နေရင် Funny you should say that လို့ ပြောနိုင်တယ်။

• 'This area needs a good cheap restaurant.'
Funny you should say that! A friend of mine is planning to open one in a month or two.'
ဒီနားမှာ ဈေးသိပ်မကြီးတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ခုလောက် ရှိဖို့ လိုနေတယ်။
တိုက်ဆိုင်လိုက်တာ၊ ဒို့ သူငယ်ချင်းတစ်ယောက်က တစ်လ နှစ်လလောက်နေရင် စားသောက်ဆိုင်ဖွင့်မလို့ လုပ်နေတာ။
• 'Frank really should think of marrying again. It's a long time since his wife died and he's very lonely.'
'Funny you should say that! He's just told me that he is joining a dating agency.'
ဖရင့်ကတော့ နောက်အိမ်ထောင်ပြုဖို့ ကောင်းနေပြီ။ သူ့ဇနီးဆုံးတာလဲ ကြာပြီ၊ သူလည်း တစ်ယောက်တည်း ဖြစ်နေတယ်။
တိုက်ဆိုင်လိုက်တာ၊ ဖရင့်က အိမ်ထောင်ဖက်ရှာတဲ့ အဖွဲ့မှာ နာမည်စာရင်းသွင်းထားမယ်ဆိုပြီး အခုဘဲ ပြောသွားတယ်။

That’s news to me (ဒို့တောင်မသိရသေးဘူး။)

အကြောင်းအရာတစ်ခုကို ကြားသိရတဲ့အခါ မသိသေးဘူး၊ သိခဲ့ဖို့ ကောင်းတယ်ဆိုတဲ့သဘော ပြန်ပြောချင်ရင် that's news to me ကို သုံးနိုင်တယ်။

• 'Bill and Jane were never married.'
'That's news to me. He always referred to her as his wife.'
ဘီလ်နဲ့ ဂျိန်းက လက်မထပ်ရသေးဘူးတဲ့။
ဒို့လည်း မသိရပါလား။ ဘီလ်က ဂျိန်းကို အမြဲတမ်း သူ့မိန်းမ အနေနဲ့ဘဲ ပြောဆိုနေတဲ့ဟာ။
• 'Apparently they are building a huge new office block near the public park.'
'That's news to me and I live in that area.'
လူထုဥယျာဉ်နားမှာ ရုံးအဆောက်အအုံကြီး ဆောက်မလို့ လုပ်နေကြတယ်။
ဒို့တောင်မသိသေးဘူး။ အဲဒီရပ်ကွက်ထဲမှာ နေရက်သားနဲ့။

Come to think of it (နေပါဦး ၊စကားမစပ်)

တစ်ခုခုကို အခုဘဲ သတိရလာပြီ ၊အမှတ်ရလာပြီလို့ ပြောချင်ရင် come to think of it ကို သုံးနိုင်တယ်။

• Jane wasn't at tonight's meeting. Come to think of it, she wasn't there last week either.
ကနေ့ည အစည်းအဝေးကို ဂျိန်း လာမတက်ဘူး။ နေပါဦး ပြီးခဲ့တဲ့ အပတ်ကလည်း လာမတက်ဘူး။
• The doctors said that Bob has heart disease. Come to think of it, his father had something wrong with his heart.
ဆရာဝန်က ဘော့ဘ်မှာ နှလုံးရောဂါရှိတယ်လို့ ပြောတယ်။ နေပါဦး သူ့အဖေလည်း နှလုံးမကောင်းဘူးလေ။

Too true! (သိပ်ဟုတ်တာပေါ့။)

စကားတစ်ခွန်း အင်မတန် မှန်ကြောင်း၊ လုံးဝသဘောတူညီကြောင်း ပြောချင်ရင် too true! လို့ ပြောနိုင်တယ်။

• 'So you think that the hotel porter could be the thief.'
'Too true! We've just discovered that he was sacked from his last job for theft.'
ဟော်တယ်က ပစ္စည်းသယ်ပို့ပေးတဲ့သူ သူခိုးဖြစ်နိုင်တယ်လို့ ထင်တာလား။
သိပ်ဟုတ်တာပေါ့။ ဟိုတယ်မှာ မလုပ်ခင်က ခိုးမှုနဲ့ အလုပ်ပြုတ်လာတာတဲ့လေ။ အခုဘဲ သိခဲ့ရတယ်။
• 'I think we all deserve a day off.'
'Too true! We have been working overtime for weeks now.'
ဒို့အားလုံး အားလပ်ရက် တစ်ရက်လောက်တော့ ရသင့်ပါတယ်။
မှန်လိုက်လေ။ အချိန်ပိုဆင်းနေရတာ ဘယ်နှပတ်ရှိနေပြီလဲ။

No way (မဖြစ်နိုင်တာချည်းကို။)
လုံးဝမလုပ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ်၊ မဖြစ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ် no way ကို သုံးနိုင်တယ်။

• 'Are you going to accept the job?'
'No way! It's very badly paid.'
အဲဒီအလုပ်ကို လုပ်မှာလား။
လုံးဝဥဿုံဘဲ၊ လခက တစ်အားနည်းတယ်။
• 'Do you think that Bob will come on holiday with us?'
'No way! He never has any money!'
ဘော့ဘ်က ဒို့နဲ့တူတူ အားလပ်ရက် ခရီးထွက်မယ်လို့ ထင်သလား။
မဖြစ်နိုင်တာ။ သူ့မှာ ဘယ်တုံးက ပိုက်ဆံရှိလို့လဲ။
• There is no way that Jim would give Pete a job. He really dislikes him.
ဂျင်မ်ကတော့ ပီတာကို အလုပ်ခန့်စရာ အကြောင်းမရှိဘူး။ ကြည့်လိုမှ မရတဲ့ဟာကို။


Read more: အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (Funny you should say that/That’s news to me/ Come to think of it/Too true!/No way) - Myanmar Network http://www.myanmar-network.net/forum/topics/funny-you-should-say-that#ixzz1UrmB77CC

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (That's all I need!/So what's new?/Quite right, too!/Speak for yourself/What's up?)
• Posted by Language Republic on August 9, 2011 at 5:20pm in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
• Send Message View Discussions
That's all I need! (ဒီထက်ပိုပြီး မခံနိုင်တော့ဘူး။)

ပြဿနာတွေ များနေတဲ့ကြားမှာ အခက်အခဲ ဒါမှမဟုတ် မကောင်းတာတစ်ခု ထပ်ဖြစ်တဲ့အခါ that's all I need! လို့ ပြောနိုင်တယ်။

• That's all I need! I've spent the morning trying to sort out the catering arrangements for the wedding reception and now you say that the band has cancelled.
ဖြစ်ရလေ။ တစ်မနက်လုံး မင်္ဂလာဧည့်ခံပွဲအတွက် အကျွေးအမွေးတွေ စီစဉ်လိုက်ရတာ၊ အခုတော့ တီးဝိုင်း အစီအစဉ်ကို ဖျက်လိုက်တယ်တဲ့လား။
• That's all I need! I already have a house full of guest and my son has just rung to say that he's coming home for the weekend and bringing to friends.
တကယ်ပါဘဲ။ အိမ်မှာ ဧည့်သည်တွေ တစ်အိမ်လုံးပြည့် ရောက်နေပါတယ်ဆိုမှ သားက စနေ တနင်္ဂနွေ ကျရင် သူငယ်ချင်းတွေခေါ်ပြီး အိမ်ပြန်လာမယ်လို့ ဖုန်းဆက်ပြီး ပြောတယ်လေ။

So what's new? (ဘာထူးဆန်းလို့လဲ။)

ခင်မင်ရင်းနှီးသူအချင်းချင်း အားမနာတမ်း ပြောကြဆိုကြတဲ့ အခြေအနေမှာ မအံ့သြတော့ဘူး၊ ထင်သားဘဲလို့ ပြောချင်ရင် so what's new? ကို သုံးနိုင်တယ်။

• John promised to attend the meeting but he didn't turn up.
So what's new? He's completely unreliable.
ဂျွန်က အစည်းအဝေး တက်မယ်ပြောပြီး လာလည်း မလာဘူး။
ဘာထူးဆန်းလို့လဲ။ အဲဒီလူက ယုံလို့ရတဲ့လူမှ မဟုတ်တာ။
• We had to cancel the picnic yesterday because it was raining.
So what's new? It's very risky holding outdoor events in this climate.
မိုးရွာနေလို့ မနေ့က ပျော်ပွဲစားအစီအစဉ် ဖျက်လိုက်ရတယ်။
ဒါများ။ ဒီရာသီဥတုနဲ့ အဆောက်အအုံ အပြင်မှာ ပွဲလုပ်လို့ကတော့ မိုးဖျက်ဖို့ များတယ်။

Quite right, too! (ဖြစ်သင့်တာပေါ့။)

သဘောတူကြောင်း အလေးအနက် ပြောချင်ရင် quite right, too! လို့ ပြောနိုင်တယ်။

• The principal has threatened to suspend any student who was found guilty of bullying.
Quite right, too! The rest of the students must be protected from bullies.
အနိုင်ကျင့်တဲ့ ကျောင်းသားတွေကို ကျောင်းတက်ခွင့် ဆိုင်းငံ့မယ်လို့ ကျောင်းအုပ်ကြီးက သတိပေးတယ်။
လုပ်သင့်တာပေါ့။ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်တဲ့သူတွေ ဒုက္ခမပေးအောင် ကာကွယ် ပေးရမယ်။
• I'm planning to take a few days off next month.
Quite right, too! You work too hard!
နောက်လကျရင် ခွင့်နဲနဲ ယူမလားလို့။
ယူသင့်တာပေါ့။ အလုပ်တွေနဲ့ ပိနေတာ မဟုတ်လား။

Speak for yourself (အခြားသူတွေကို ဆွဲမထည့်နဲ့လေ။)

တစ်ယောက်ယောက်ကို ကိုယ်ထင်တာ ကိုယ်ပြောနေတာ မဟုတ်လား၊ အခြားသူတွေရဲ့ ထင်မြင်ချက်က အဲဒီလို ဟုတ်ချင်မှ ဟုတ်လိမ့်မယ်လို့ သတိပေးချင်ရင် speak for yourself လို့ ပြောနိုင်တယ်။

• This year's exams were much easier than last year's.
Speak for yourself! I thought they were much more difficult.
ဒီနှစ်စာမေးပွဲက မနှစ်ကနဲ့စာရင် အများကြီး ပိုလွယ်တယ်။
မင်းအတွက်တော့ ဟုတ်ချင်ဟုတ်မှာပေါ့။ ငါကတော့ ဒီနှစ် အများကြီး ပိုခက်တယ်လို့ ထင်တာဘဲ။
• The lecture on local history was very boring.
Speak for yourself! I found it very interesting.
ဒီနယ်မြေသမိုင်းကြောင်းကို ပို့ချနေတာ ပျင်းစရာ ကောင်းလိုက်တာ။
မင်းသာ ပျင်းတာ။ ငါကတော့ စိတ်ဝင်စားတယ်။

What's up? (ဘာဖြစ်နေတာလဲ။)

တစ်ခုခုများ ဖြစ်သလား၊ အထူးသဖြင့် မကောင်းတာ တစ်ခုခု ဖြစ်သလား၊ ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေတာလဲ လို့ မေးချင်ရင် what's up? ကို သုံးနိုင်တယ်။

• What's up? Everyone's looking miserable.
ဘာဖြစ်နေတာလဲ။ အားလုံး မျက်နှာ မကောင်းပါလား။
• I just met Jane and she was crying. What's up?
ဂျိန်းကို အခုလေးတင် တွေ့ခဲတာ ငိုနေတယ်၊ ဘာဖြစ်တာလဲ။

တစ်ခါတစ်လေ what's up with ____ ? လို့လည်း ကွက်လပ်နေရာမှာ လူနာမည်ထည့်ပြီး သုံးလေ့ရှိတယ်။

• What’s up with Jim? He looks angry.
ဂျင်မ်က ဘာဖြစ်နေတာလဲ၊ ဒေါကန်နေတဲ့ မျက်နှာနဲ့။

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (That's all I need!/So what's new?/Quite right, too!/Speak for yourself/What's up?) - Myanmar Networkhttp://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A326418&xgs=1&xg_source=msg_share_topic#ixzz1UrjVwJXY
အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ (It's beyond me/Not my cup of tea/Dream on!/That's a first!/Too good to be true)
• Posted by Language Republic on August 4, 2011 at 1:51pm in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ
• Send Message View Discussions
It's beyond me (ဒို့တော့ ဥာဏ်မမီဘူး။)

နားမလည်ကြောင်း အလေးအနက် ပြောချင်ရင် it's beyond me လို့ ပြောနိုင်တယ်။

• It's beyond me where Meg gets all that money to spend on clothes.
Meg တစ်ယောက် ဘယ်က အ၀တ်အစားဖိုး အဲဒီလောက်ငွေတွေ ရနေသလဲ စဉ်းစားလို့မရဘူး။
• It's beyond me how Anne puts up with her husband's rude behaviour.
Meg က သူ့ယောက်ျားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဘယ်လိုလုပ် သည်းခံနိုင်သလဲ ဥာဏ်မမီဘူး။

Not my cup of tea (ဒို့ကတော့ မကြိုက်ပေါင်။)

သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် ပြောကြဆိုကြတဲ့ အနေအထားမှာ တစ်ခုခုကို မနှစ်သက်ကြောင်း၊ စိတ်မ၀င်စား ကြောင်း ပြောချင်ရင် not my cup of tea လို့ သုံးနှုန်းနိုင်ပါတယ်။
• Beach holidays are not my cup of tea.
ပင်လယ်ကမ်းခြေမှာ အားလပ်ရက်ထွက်ဖို့ ဒို့ကတော့ စိတ်မ၀င်စားဘူး။
• Opera's not my cup of tea.
ဒို့ကတော့ အော်ပရာ မကြိုက်ပေါင်။

Dream on! (စိတ်ကူးယဉ်လိုက်ပုံများ)

လက်တွေ့မကျဘူး၊ ဖြစ်လာဖို့ မနီးစပ်ဘူးလို့ သူငယ်ချင်း အချင်းချင်း လွတ်လပ်စွာ ပြောချင်ရင် dream on! လို့ ပြောနိုင်တယ်။
• 'I'd love to have a car like that.'
'Dream on! You probably couldn't even afford the petrol for it.'
အဲဒီလို ကားမျိုး စီးချင်လိုက်တာ။
စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီကားထဲ ထည့်တဲ့ ဓာတ်ဆီဖိုးတောင် မင်း တတ်နိုင်မှာ မဟုတ်ဘူး။
• I'm thinking of getting some kind of a job in Hollywood to try to get a part in a film.
'Dream on! Hollywood is full of people doing that and hardly any of them get into films.'
ဟောလီးဝုဒ်မှာ အလုပ်တစ်ခုခု ရှာပြီး ရုပ်ရှင်ဝင်ရိုက်လို့ ရအောင် ကြိုးစားမလားလို့ စဉ်းစားနေတယ်။
စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီလို လုပ်ချင်နေတဲ့သူတွေ ဟောလီးဝုဒ်မှာ ဒုနဲ့ဒေး၊ ရုပ်ရှင်ထဲ ပါနိုင်တဲ့သူကတော့ မရှိသလောက်ဘဲ။
အလားတူ အခြားအသုံးအနှုန်း တစ်မျိုးကတော့ in your dreams လို့ ပြောတာဖြစ်ပါတယ်။

That's a first! (မကြုံစဖူးပါလား)

သူငယ်ချင်းအချင်းချင်း ပြောကြဆိုကြတဲ့အနေအထားမှာ အံ့သြစရာ မျှော်လင့်မထားတာ တစ်ခုခု ဖြစ်လာရင် that's a first! လို့ ပြောနိုင်တယ်။

• 'Jane was the first to arrive at the party.'
'That's a first! She's usually late.'
ပါတီပွဲကို ပထမဆုံးရောက်လာတာ ဂျိန်းပါဘဲ။
မကြုံစဖူးပါလား။ ဂျိန်းက ခါတိုင်းဆို နောက်ကျတတ်တယ်။
• Tom says that he's going to start saving.'
'That's a first! He's always been very extravagant.'
တွမ်က ပိုက်ဆံစုတော့မယ်တဲ့။
ကြားသားမိုးကြိုး၊ အမြဲတမ်း အသုံးအဖြုန်းကြီးတဲ့လူက။

Too good to be true (ကောင်းလွန်းအားကြီးနေတယ်။)

ကောင်းလွန်းအားကြီးနေတယ်၊ မဖြစ်နိုင်လောက်အောင် အဆင်ပြေနေတယ်၊ မဟုတ်လောက်ဘူးလို့ ပြောချင်ရင် too good to be true လို့ ပြောနိုင်တယ်။

• The bank manager originally said that I might get a bank loan to start my new business, but it was too good to be true. He refused to lend me money when he studied the figures.
ကျွန်တော် စီးပွားရေး လုပ်ငန်းအသစ်စလုပ်ဖို့ ဘဏ်မန်နေဂျာက ပထမတော့ ငွေထုတ်ချေးမယ်လို့ ပြောတယ်။ အဆင်ပြေလွန်းအားကြီးနေတယ်။ ကိန်းဂဏန်းတွေကိုလည်း လေ့လာပြီးရော ငွေမချေးနိုင်တော့ဘူးလို့ ဖြစ်သွားပါလေရော။
• I thought that I had won the lottery last week, but it was too good to be true. I have read the numbers wrongly.
လွန်ခဲ့တဲ့အပတ်က ကျွန်တော် ထီပေါက်တယ် ထင်တာ။ ဒါပေမယ့် ကောင်းလွန်းအားကြီးနေတယ် မဖြစ်နိုင်ဘူး။ နံပါတ်မှားဖတ်မိတာ။


ဤသင်္ခန်းစာများကိုBritish Council Myanmar Networkမှ ကူးယူဖော်ပြပါသည်။

Tuesday, January 18, 2011

စက်တိုင်းလိုမည် Data Recovery

0 comments
8:13 AM အေကေတီ

ကျွန်ုပ်ကိုယ်တွေ့ဆော့ဖ်ဝဲလေးကို မိုးထက်မြင့်နည်းပညာကနေတွေ့လို့ ဝေငှလိုက်တာပါ။ သူ့စာဖတ်ပြီးလုပ်ကြည့်ုလိုက်ပါ။ မယုံမရှိနဲ့ကိုယ်တွေ့။
ဒါကြောင့် ကျွန်တော် ဒီနေ့တော့ အင်မတန်မှကို အသုံးဝင်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။ စက်တိုင်းလည်း ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်။ သူကတော့ Recovery ဆော့ဝဲလေးပါ။ Recovery ဆိုပေမယ့် သူက အဓိက လုပ်ပေးတာက မတော်တဆ မရည်ရွယ်ဘဲ လက်ကမှားပြီး ဖျက်မလိုက်တဲ့ Data တွေကို ချက်ချင်း ပြန်ယူတဲ့ ကောင်လေးပါ။ ဒီထပ်မကပါဘူး။ Windows တွေ ဆယ်ကြိမ်မက Format ရိုက်ခဲ့တာကိုတောင် ပုံတွေကို ပြန်ရှာပေးနိုင်ပါတယ်။ ဒီ Software လေးနဲ့ ဘယ်လို Data မျိုးတွေကို ပြန်ရယူနိုင်သလဲ ဆိုတော့.
1. Recycle bin ကနေ ဖျက်လိုက်တဲ့ Data။
2. အမြဲဖျက်နေကျ နည်းလမ်းဖြစ်တဲ့ Shift + Delete နဲ့ဖျက်လိုက်တဲ့ Data တွေအပြင်
3. Memory Card ထဲက နေဖျက်လိုက်မိတဲ့ Data တွေကိုပါ ပြန်ရယူနိုင်တယ်လို့ ဆိုထားပါတယ်။

File Deletion ဖြစ်စဉ်
ဒီနေရာမှာ ကျွန်တော်တို့ စက်ထဲမှာ File deletion လုပ်တဲ့ ဖြစ်စဉ်ကို နည်းနည်းရှင်းပြလိုပါတယ်။ ကျွန်တော်တို့တွေ File တစ်ခုကို Delete လုပ်လိုက်တာနဲ့ ကျွန်တော်တို့ Delete လုပ်လိုက်တဲ့ ဖျက်လိုက်တဲ့ဖိုင်တွေ (ယခင်နေရာယူထားတဲ့) နေရာကို HDD ကနေပြီး နေရာလွတ်( Free space ) ပါဆိုပြီး သတ်မှတ်ထားလိုက်ပါတယ်။ ဒါကြောင့် တကယ်လို့များ နောက်ထပ် Data အသစ်တွေ ကို အခုန HDD ထဲမှာဘဲ ထပ်သိမ်းချင်တဲ့အခါ HDD ကနေပြီး ခုန သူက Free Space လို့သတ်မှတ်ထားတဲ့ နေရာတွေမှာ သိမ်းဖို့ခွင့်ပြူလိုက်ပါတယ်။ တကယ်လို့ အခုနဖျက်လိုက်တဲ့ နေရာလွတ်တွေ နေရာမှာ နောက်ထပ် Data တွေထပ် မ Save ရသေးဘူးဆိုရင်တော့ ပြန်ပြီး Recover လုပ်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဖျက်လိုက်တဲ့ နေရာမှာ Data တွေထပ်ပြီး သိမ်းမိရင်တော့ ပြန်ပြီး Recover လုပ်ဖို့ ဒီ Software လေးအတွက် အခက်အခဲရှိနိုင်သလို ပြန်ရနိုင်ဖို့လည်း မသေချာပါဘူး။ အခုတော့ ဒီSoftwareလေးနဲ့ လုပ်ပုံလုပ်နည်းလေးကို ဆက်ကြည့်လိုက်ရအောင်…

လုပ်နည်း
1. ပထမဆုံး ဒီနေရာမှာhttp://www.mediafire.com/?4uzinu875cqprz8#2 ဒေါင်းလုပ် ယူလိုက်ပါ။
2. Software လေးကို Install လုပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံလေးလိုမျိုး ကျလာပါလိမ့်မယ်။ မိမိ ပြန်လိုချင်တဲ့ Files အမျိုးအစား တွေကို ရွေးပေးလို့ ရပါတယ်။


3. ရွေးပြီးပြီဆိုတာနဲ့ Next ပေးလိုက်တာနဲ့ Recover လုပ်ပေးတဲ့ ပုံလေးပေါ်လာပါလိမ့်မည်။


4. Recover လုပ်ပြီးပြီဆိုတာနဲ့ ကျလာတဲ့ Box လေးထဲမှာ အနီရောင်နဲ့ အပြာရောင် ဆိုပြီး နှစ်မျိုး ပြထားတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်ဆိုတာကတော့ ပြန်ရဖို့မသေချာ ဘူးဆိုတဲ့သဘောကို ပြထားတာပါ။ အစိမ်းရောင်ကတော့ သေချာပေါက် ပြန်ရမယ်ဆိုတဲ့ သဘောကို ဆိုလိုတာပါ။ မိမိပြန်လိုချင်တဲ့ File တွေကို Click ပေးပြီးရင် ဘယ်နေရာမှာ ပြန်သိမ်းမလဲရွေးတဲ့ အခါမှာ မိမိဖျက်လိုက်တဲ့ HDD မဟုတ်တဲ့ တစ်ခြား Partion ကိုရွေးပေးရပါမယ်။ ဆိုလိုတာက မိမိက C: ထဲက Data ကို Recover ပြန်ယူတဲ့အခါ D: သို့မဟုတ် တစ်ခြား Partion တစ်ခုခုကို ရွေးပေးရပါမယ်။ ဒါဆိုရင်အားလုံး အဆင်ပြေ သွားပါပြီ။


သုံးရတာ အဆင်ပြေပါတယ်။ အာလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Saturday, July 10, 2010

ANALYSIS OF MODIFIERS

1 comments
စာရေးတဲ့နေရာမှာ modifiers တွေဟာသိပ်ပြီးအရေးကြီးပါတယ်။ ဒါတွေနားလည်မှ စာရေးတတ်မယ် စာဖတ်တတ်မယ်။
ဒါ့ကြောင့် modifiersနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုစုစည်းပြီး ကျွန်ုပ်ရဲ့ blog မှာတင်ထားပါတယ်။ ကျွန်ုပ်မှတ်ထားသမျှ
လေးတွေကိုမှတ်တမ်းတင်ထားတာပါ။ လိုအပ်တဲ့သူတွေအသုံးပြုချင်တယ်ဆိုရင် သုံးလို့ရအောင်လို့ပါ။ တစ်နည်းအားဖြင့်ဆိုရရင် ကျွန်ုပ်ရဲ့မှတ်စုလေးကို မှတ်တမ်းတင်ထားချင်လို့ပါပဲ။
PHRASE
(ဆောင်ပုဒ်)=စကားတစ်လုံးထက်၊ ပိုလျက်ပါလာ၊ Verbမပါ၊ ခေါ်ပါphraseဟုမှတ်။
ဒါဟာphraseရဲ့ အနှစ်ချုပ်အဓိပ္ပယ်ပါပဲ။ ဒီထက်ပိုပြီးမရှင်းတော့ပါဘူး။
အကျဉ်းချုပ်အားဖြင့်Phraseသည် သုံးမျိုးရှိပါတယ်။
1.prepositional Phrase(၀ိဘတ်များနှင့်အထူးပြုခြင်း)
2.Participle Phrase (V+ing.V+ed,enနှင့်အထူးပြုခြင်း)
3.Gerundial Phrase (V+ing နှင့်အထူးပြုခြင်း)Prepositional Phrase
(a)Adjective phrase (nounကိုအထူးပြုသောphrase)
(b)Adverb phrase (verbကိုအထူးပြုသောphrase)
(c)Infinitive phrase (to+verb infinitive နဲ့စတဲ့phrase)
(d)Noun phrase (noun အလုပ်ကိုလုပ်တဲ့ phrase)ဆိုပြီး ၀ိဘတ်
တွေပါတဲ့Prepositional Phrase ၄မျိုးရှိပါတယ်။
Eg.(a)Adjective phrase
1.the pagoda in yangon=ရန်ကုန်မှာရှိသောဘုရား
2.the book on the table=စားပွဲပေါ်မှာရှိသောစာအုပ်
3.the pagoda near the park=ပန်းခြံအနားမှာရှိသောဘုရား။
ဒီဝါကျတွေထဲမှာ in on near ၀ိဘတ်တွေနဲ့စတဲ့ပုဒ်စုတွေများသည် ရှေ့ကပုဒ်များကို အထူးပြုသောကြောင့် Prepositional Adjective Phrase လို့ခေါ်ပါတယ်။ ၄င်းAdjective phraseသည် များသောအားဖြင့် nounရဲ့နောက်မှာနေပြီး nounကိုအထူးပြုပါတယ်
(အကျဥ်းဆောင်ပုဒ်)
၂။Adjective phraseဟာ၊ nounနောက်မှာ၊ ထားကာအထူးပြု။

Adverb phrase
Verb ကိုအထူးပြုတဲ့ phrase မျိုးကို Adverb phrase လို့ခေါ်ပါတယ်။
များသောအားဖြင့် ၀ါကျအစနဲ့အဆုံးမှာထားလေ့ရှိပါတယ်။ verbနဲ့ object
ကြားမှာလဲထားပြီးရေးတာရှိတတ်ပါတယ်။
ဥပမာ-
1.They live in Yangon.(သူတို့ ရန်ကုန်မှာနေကြတယ်)
In Yangonဆိုတဲ့ပုဒ်စုသည် live ဆိုတဲ့ verbကိုအထူးပြုသောကြောင့် Adveb phraseဖြစ်ပါတယ်။
2.He put the book on the table.(သူ စာအုပ်ကိုစားပွဲပေါ်မှာထားခဲ့တယ်)
On the tableသည် put ဆိုတဲ့ကြိယာကိုသာ အထူးပြုပါတယ်။ the book
ကိုအထူးမပြုပါဘူး။ ဒါ့ကြောင့်Adverb phraseဖြစ်ပါတယ်
များသောအားဖြင့်verbရဲ့နောက်မှာ object ပါလာရင်တော့ Adverbပုဒ်စုကို
စာကြောင်းရဲ့အစ ဒါမှမဟုတ် အဆုံးမှာထားရေးရပါတယ်။
အကျဉ်းဆောင်ပုဒ်
၂။Verbရဲ့နောက်မှာ၊ objectပါက၊ ထားပါadvreb၊ ရှေ့နောက်ဆက်။

Infinitive phrase( to +v 1)
V1လို့အသုံးပြုကြတဲ့infinitive phraseကြိယာတွေကိုရှေ့မှာtoထည့်ပြီးအသုံး
ပြုခြင်းဖြစ်ပါတယ်။ ဖို့ ရန်လို့ဘာသာပြန်ရပါတယ်။
ဥပမာ
1.the book to read (ဖတ်ဖို့စာအုပ်)
2.the letter to post(ပို့ရန်စာ)
Infinitive phraseဟာ nounကိုအထူးပြုလို့ nounရဲ့နောက်မှာထားရတယ်။
အကျဉ်းဆောင်ပုဒ်
Infinitive phrase၊ phraseများစွာ၊ nounနောက်မှာ၊ ထားကာအထူးပြု၊
Noun phrase
Infinitive phrase များသည် subjectနေရာမှာထား၍ သုံးလျှင်noun phrase ဖြစ်သွားပါတယ်။
ဥပမာ-
1.To cry is easy,but not to sob.(အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်)
2.To be born is to die.(မွေးတာသေဖို့ပါပဲ)
အကျဉ်းဆောင်=subjectအဖြစ်မှာ၊ သုံးသောခါ၊ သူဟာnounဖြစ်လာ။
Participle phrase
1.Present participle
2.Past participleလို့၂မျိုးရှိပါတယ်။
Present participle
Verbတစ်ခုကို ingပေါင်းလိုက်ရင် နေသောလို့ဘာသာပြန်ရပါတယ်။ အဲဒါကို
Present participleလို့ခေါ်ပါတယ်။
အကျဉ်းဆောင်ပုဒ်
Verb+ing၊ ပေါင်းလိုက်ပြီ၊ ပရဲဇင့်ပါတီစီ။(present participle)
ဘာသာပြန်လျှင်၊ သောဟုပင်၊ ဆုံးတွင်စေရမည်။
ဥပမာ-
Dancing girl( ကနေသောကောင်မလေး)
Shaking actress(လှုပ်ခါနေသောမင်းသမီး)
ဒီပုံစံတွေကparticipleတစ်လုံးတည်းဖြစ်လို့ singleပဲရှိပါသေးတယ်။ phraseမဖြစ်သေးပါဘူး။ singleတွေကnounတွေရဲ့ရှေ့မှာနေပြီးအထူးပြုပါတယ်။
Phraseဖြစ်သွားရင်တော့များသောအားဖြင့် nounရဲ့နောက်မှာနေပြီး အထူးပြုပါတယ်။
ဥပမာ-
1.Who is the girl dancing on the stage?
စင့်မြင့်ပေါ်မှာ ကနေတဲ့ကောင်မလေးက ဘယ်သူလဲ။
Dancing on the satgeသည် ရှေ့ကgirlကိုအထူးပြုသောကြောင့် present participle phraseဖြစ်သွားပါတယ်။nounရဲ့နောက်မှာနေပြီးအထူးပြုတယ်။
အကျဉ်းဆောင်ပုဒ်
Single participle၊ ရှေ့နောက်မယ်၊ ထားကွယ်အထူးပြု။
Phraseဖြစ်လျှင်၊ nounနောက်တွင်၊ ထားလျှင်အသုံးပြု။

Sunday, July 4, 2010

အမျိုးသားရေးစိတ်ဓာတ်

0 comments
ကိုယ့်အမျိုးကိုချစ်မြတ်နိုးတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးကိုတိုးတက်စေလိုတဲ့စိတ်ဓာတ်၊ကိုယ့်အမျိုးသားတွေအခက်အခဲမျိုးစုံနဲ့ကြုံနေရတဲ့အချိန်မှာ စိတ်နှလုံးမသာဖြစ်ပြီး ကူညီလိုတဲ့စိတ်ဓာတ် ဒါတွေကိုပေါင်းစပ်ပြီး အမျိုးသားရေးစိတ်ဓာတ်လို့ ခံစားမိတယ်။
အမျိုးစားရေးစိတ်ဓာတ်ဆိုတာလူတိုင်းမှာရှိသင့်တယ်မဟုတ်လား။ လူတွေနဲ့ပဲဆိုင်တယ် ဘုန်းကြီးတွေနဲ့မဆိုင်ဘူးလို့
မင်းတို့ထင်သလား။ ဒို့ဘုရားရှင်တောင် ညာတတ္ထစရိယာ=သူ့အမျိုးသားတွေအတွက် အနစ်နာခံပြီးဆောင် ရွက်ပေးခဲ့ ဖူ့းတယ်လေ။ သူ့အမျိုးသားတွေရေဘေးဒုက္ခကြုံလို့ ဘုရားရှင်ကူညီခဲ့ဖူးတယ်။ သူ့အမျိုးသားတွေ စစ်ဘေးဒုက္ခကြုံလို့ ကြားဝင်ဖြေရှင်းခဲ့ဖူးတယ်။ ကိလေသာအာသဝေါတွေကုန်ခမ်းပြီဆိုပေမယ့် မဟာကရုဏာစိတ်တော့ရှိတယ်လေ။ သနားနေရုံနဲ့မပြီးဘူးလက်တွေ့အကောင်အထည်လဲဖော်ဆောင်ပြခဲ့တယ်။
ဒို့တစ်တွေဟာကိလေသာအာသဝေါတွေလဲမကုန်သေးပါဘူး။ ကုန်အောင်လဲအချိန်ပြည့်မကျင့်သေးပါဘူး။ ဒါပေမယ့်ကွာ ကိုယ့်အမျိုးသားတွေဆင်းရဲဒုက္ခကြုံနေတာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေတယ်ဆိုတာကိုသိရက်နဲ့ ဘာဖြစ်လို့ဥပေက္ခာ ပြုရက်ကြ တာလဲ။ ငါစဉ်းစားလို့မရဘူး။
မနေ့က ငါတော်တော်ခံစားလိုက်ရတယ်။ ငါကအခုသိရိလင်္ကာနိုင်ငံမှာရောက်နေတယ်။ငါတို့လိုပဲဒီနိုင်ငံမှာရောက်နေတဲ့ မြန်မာကိုရင်လေးတွေရှိကြတယ်။ သူတို့ကိုတော့သီရိလင်္ကာဘုန်းကြီးတစ်စ်ပါးကခေါ်လာတာလို့တော့သတင်းရတယ် ဘယ်လိုနေကြတယ်ဆိုတာ အတိအကျမသိရဘူး။ ငါတို့လဲသူများနိုင်ငံမှာ လာနေတာဆိုတော့ အဆင်ပြေလှတယ်တော့မဟုတ်ဘူး အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့ကြရတာပဲ။ ငါတို့လို အရွယ်ရောက်ပြီးသားသူတွေတောင်အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့တယ်ဆိုရင် ကိုယ်ရင်လေးတွေဆို ဘယ်လိုဖြစ်လိုက်ကြမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။
မနေ့ကကိုရင်လေးတွေနေတဲ့ကျောင်းကို သတင်းရလို့ငါသွားတယ်။ ကုလားဘုန်းကြီးကျောင်းတစ်ကျောင်းမှာရောက်နေ
ကြတယ်။ ကုလားဘုန်းကြီးကိုအရင်ဝင်တွေပြီး မြန်မာကိုရင်လေးတွေရှိတယ်ကြားလို့လာတာပါ တွေ့ချင်လို့ပါလို့ဆိုတော့အင်တင်တင်နဲ့ ဒါပေမယ့်တွေ့ခွင့်တော့ပေးပါတယ်။ ကိုရင်လေးနှစ်ပါးက ကိုယ့်ကိုမြင်တော့ မျက်ရည်ဝဲပြီးငိုသံပါပါနဲ့ ဦးဇင်း....ခေါ်လိုက်တဲ့အသံက ငါ့နှလုံးသားကိုထိခိုက်သွားတယ် ။ ငါလဲလူသားတစ်ယောက်ပဲလေဲဥပေက္ခာပြုနိုင်လောက်တဲ့အထိ ငါမရင့်ကျက်သေးဘူး။ မင်းတို့အဆင်ပြေကြလားလို့မေးတော့ အဆင်မပြေဘူး တပည့်တော်တို့ဒီမှာနေရတာမပျော်ဘူး ။သူတို့ကတပည့်တော်တို့ကို အနိုင်ကျင့်တယ်။ အမျိုးမျိုးခိုင်းတယ်။ ဘာစာမှသင်မပေးဘူး။ တပည့်တော်တို့ ဆွမ်းစားသွားလို့ရသမျှအကုန်သိမ်းတယ်။ ဆပ်ပြာကအစသိမ်းတယ်။ပတ်စ်ပို့လဲသိမ်းထားတယ်။ ဒီကျောင်းမှာမနေချင်ဘူး။တပည့်တော်တို့ကိုကူညီပါတဲ့ ။ ကဲမင်းတို့
ဘယ်လိုခံစားကြမလဲ။ သူတို့အသက်ကိုမေးကြည့်တော့တစ်ပါးက၁၃နှစ်၊ တစ်ပါးက၁၁နှစ။် ဘယ်လောက်အားငယ်လိုက်ကြမလဲ ။ အသက်သုံးဆယ်ကျော်ပြီဖြစ်တဲ့ငါတို့တောင် တစ်ခါတစ်ရံ အားငယ်မိတယ် လွမ်းစွတ်သတိရမိတယ်လေ။ သူတို့ပြောတာလေးတွေကိုနားထောင်ရင်း ငါလေစိတ်မကောင်းဖြစ်လိုက်တာ။ တစ်ခြားဘယ်သူတွေရှိသေးလဲလို့မေးကြည့်တော့ အများကြီးရှိသေးတယ် ။ဘယ်ရောက်လို့ရောက်နေကြမှန်းမသိဘူး။ဖုန်းနံ
ပတ်ပေးတာနဲ့ဖုန်းဆက်ကြည့်တော့ကိုရင်လေးတွေနဲ့စကားပြောခွင့်ရတယ်။ အဲဒီမှာငါးပါးရှိတယ် အဆင်မပြေကြဘူး အနိုင်
ကျင့်ခံကြရတယ်ကျောင်းပြောင်းချင်ကြတယ်တဲ့။ ကိုယ့်အမျိုးသားလေးတွေ အနိုင်ကျင့်ခံကြရတယ်ဆိုတာကိုကြားလိုက်ရ
တော့စိတ်မကောင်းလိုက်တာလေ။
ကိုရင်ရေ ဘာမှအားမငယ်ကြနဲ့ ငါတို့တစ်တွေမင်းတို့ကိုကူညီမယ်။ မင်းတို့ဟာငါတို့ရဲ့သွေးသားတွေအမျိုးသားတွေ
ဖြစ်တယ်။ ငါတို့ရဲ့မျိုးဆက်သစ်တွေဖြစ်တယ်။ ငါတို့အစွမ်းကုန်ကူညီမယ်လို့အားပေးစကားပြောပြီး လိုအပ်တာလေးတွေကိုပေးခဲ့တယ်။ အမျိုးကိုချစ်တယ်ဆိုတာချစ်နေရုံနဲ့မပြီးသေးဘူးလေ ကိုယ့်အမျိုးသားတွေဒုက္ခမရောက်အောင်စောင့်ရှောက်ရမယ်။ ဒုက္ခရောက်နေရင်ကူညီဖြေရှင်းပေးရမယ်။ ဒါကိုအမျိုးသားရေးစိတ်ဓာတ်လို့ပြောရင် ကြီးကျယ်တယ်ဆိုမလားဗျာ...
ကိုယ်ချင်းစာစိတ်နဲ့ အားလုံးပါဝင်ကူညီဆောင်ရွက်ပေးကြပါ....

Thursday, May 20, 2010

အင်္ဂလိပ် - မြန်မာ အဘိဓာန်.

0 comments
123. ..(လိုချင်ရင်ပေါ့လေ...) Aug 28, '09 1:38 AM
for everyone

ကျွန်တော် အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် ၂ မျိုးစလုံး အပြန်အလှန် အသုံးပြုနိုင်တဲ့...
ဆောဝဲလ်လေးတစ်ခု ပေးချင်ပါတယ်..။
အဲ...ပညာရေးဝန်ကြီးဌာန ကိုလည်း ကြောက်ရသေးတယ်ဗျ..။
သူတို့ ထုတ်တဲ့ အဘိဓာန် စီဒီခွေ မရောင်းရမှာ စိုးလို့လေ..။
ဒါပေမဲ့...တကယ် ပြောရင် သူတို့အဘိဓာန်က တကယ်ကောင်းပါတယ်..။
အသံပါ ထွက်ပေးတယ်လေ..။
ဥပမာ - Dog - ဒေါ့ ဆိုပြီး အသံပါ ထွက်ပြပေးပါတယ်..။
ဒါပေမဲ့ မကောင်းတာက စက်ထဲက DVD Writer ထဲကို သူတို့ စီဒီကြီး ထည့်ထားရတာပဲလေ...။
အဲ...မထည့်ရအောင် လုပ်လို့တော့ ရသားဗျ...။
ဒါပေမဲ့..မပြောကောင်းဘူး...။ (သိတဲ့သူတွေတော သိကြပါတယ်လေ..။)
ထားပါတော့...
ကျွန်တော် အဘိဓာန်လေးက စီဒီမလိုဘုး...။
ဘာမှကိုမလိုဘူး...5.58 MB ပဲ ရှိတဲ့ ဆော့ဝဲလ်လေးပဲလိုတာဗျာ...။
မကောင်းဘူးလား......(ဟာ..ကောင်းတာပေါ့...။) ကောင်းမှာပေါ့ အလကားရတာပဲဗျာ..နော့..။
ကောင်းရင် အောက်က Attachment မှာ ဆွဲဗျာ...ယူလိုက်ပါတော့..။
ကျွန်တော်ကလည်း ဒီလို မြှောက်ပြောရင် ပေးချင်လိုက်တာမှ ထွန့်ထွန့်လူးနေတာလေ....။
ယူစေ...ယူစေ....။
Attachment ဆွဲတာ သဘောမကျရင်...ဒီနေရာ ကဆွဲဗျာ..။
ဘာမှကိုတကယ်မလိုတာပါ..။
ရပြီ ဆိုရင် run လိုက်ရုံပါပဲ...။ ဒါပေမဲ့ သူက ဖောင့်အနေနဲ့ ( ၃ )မျိုးကိုလက်ခံပြီး လုပ်တယ်ဗျာ..။

၁။ ZawGyi - One
၂။ Myanmar3
၃။ Ayar Burmese

ဒီတော့ ညာဘက်အပေါ်မှာရှိတဲ့ အောက်စိုက်နေတဲ့ မြားလေးကိုနှိပ်ပြီး ကိုယ်လိုချင်တာ ပြောင်းလို့
ရတယ်ဗျ..။ ပြီးတော့ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေးပြီး သူ့ရဲ့ ဘယ်ဘက်က ဘောင်လေးမှာ ကိုယ်ကြိုက်
ရာ စာလုံးကို ရိုက်ပြီး ရှာလိုက်တာနဲ့ သူက အောက်မှာ ဘာကို ရှာမှာလဲ ဆိုပြီးအကြံပေး လမ်းပြတွေ ပေါ်
လာဦးမှာ..။ ဒီမှာကိုယ်ကြိုက်တာကို ရွေးလိုက်ရုံပါပဲ..။ကိုယ့်ဖာသာ အပြည့်ွှအစုံ ရိုက်ရင်လည်း ရိုက်ပေါ့
လေ..။ အဲ...အခု ပြောနေတာ ဖွင့်ခါစ ပုံစံနော်..။ ဒါဆိုရင် အင်္ဂလိပ်လို ပေါ်နေမှာလေ..။ ဒါကို မြန်မာလို
ပြောင်းပြီးရှာချင်တယ် ဆိုရင်တော့ ဇော်ဂျီဖောင့် အတိုင်းပါပဲ..။ Ctrl + Shit ပေါ့ဗျာ..။
ပြောင်းသွားပါပြီ..။ ရှာပေတော့ပဲ...။

အခုကျွန်တော် ပြောပြနေတာတွေ ရှုပ်ရင် ရှုပ်ဦးမယ်နော်..။
တကယ် လုပ်ကြည့်လွယ်လွယ်လေးပါ....တကယ်တကယ်..။
အဆင်ပြေပါစေဗျာ..။

တစ်ခုတော့ ကျွန်တော် တကယ်တောင်းပန်ပါတယ်..။
myanmar3 နဲ့ Ayar Burmese ဖောင့်တွေ ကျွန်တော့်စက်ထဲမှာ ရှိပေမဲ့ ရောနေလို့
ရှာမရသေးလို့ မတင်ပေးနိုင်သေးဘူးဗျာ..။ ရှာတွေ့တဲ့ အခါ ချက်ချင်းတင်ပေးပါ့မယ်.။
ဘာပဲ ပြောပြောပါ...ဇော်ဂျီ နဲ့တင် လုံလောက်ပါတယ်ဗျာ..။


(ဝန်ခံချက်..တကယ်ပြောရရင် ဒါ ကျွန်တော် ရေးထားတဲ့ ဆော့ဝဲလ်မဟုတ်ဘူးဗျ..။
သူငယ်ချင်း တစ်ယောက်ရေးတာပါ..။ )


ခင်မင်စွာဖြင့်
ကိုဇော်




Attachment: kozaw357 Distionary_setup.exe
Tags: distionary
Prev: 122. ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။
Next: 124. Malware အတွက် ဆော့ဝဲလ် အသစ်ပါ..။
reply share

Tuesday, May 18, 2010

သည်းခံခြင်းသည်မြတ်ဧ။်

0 comments
( မေး ) ( ခန္တီ-သည်းခံခြင်း )
အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ကျော်ဆန်း-ထားဝယ် )

( ဖြေ )
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။

Wednesday, May 12, 2010

အလွယ်ကူဆုံးမြန်မာလိုဘာသာပြန်နိုင်ပြီ

0 comments
အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။

ဒီlinkကိုသာနှိပ်လိုက်ပါ။အကောင်းကြီးတော့မဟုတ်ဘူးနော် .http://www.myanmarnlp.org.mm/
installမောင်းရင်တော့Browsကနေ locationကိုညွှန်းဖို့မမေ့နဲ့နော်